ဆယ်စုနှစ်အတွင်း ဗြိတိန်တွင် ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်လာတဲ့ “ Harry Potter and the Cursed Child”

ဆယ်စုနှစ်အတွင်း ဗြိတိန်တွင် ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်လာတဲ့ “ Harry Potter and the Cursed Child”

နယူးယော့ခ်၊ သြဂုတ် ၄ ။              ။ “ Harry Potter and the Cursed Child” စာအုပ်သည် ဆယ်စုနှစ်အတွင်း ဗြိတိန်နိုင်ငံတွင် အရောင်းရဆုံးစာအုပ်တစ်အုပ်ဖြစ်လာကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ Harry Potter and the Cursed Child” စာအုပ်သည် ပထမသုံးရက်အတွင်း အုပ်ရေ ၆၈၀ ၀၀၀ ကျော် ရောင်းချခဲ့ရပြီး ၂၀၁၂ ခုနှစ်က သီတင်းပတ်တစ်ပတ်အတွင်း စာအုပ်ရေ ၆၆၄ ၄၇၈  အုပ် ရောင်းချခဲ့ရသည့် “ Fifty Shades of Grey” စာအုပ်ကို ကျော်လွန်ခဲ့သည်။

လက်ရှိနှုန်းအရ “ Harry Potter and the Cursed Child” စာအုပ်သည် သီတင်းပတ်တစ်ပတ်အတွင်း ဒုတိယရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်လာသည်။လက်ရှိအချိန်တွင် သီတင်းပတ်တစ်ပတ်အတွင်း ရောင်းအားအကောင်းဆုံးစာအုပ်စံချိန်ကို  “ Harry Potter and the Deathly Hallows”က ရရှိထားကြောင်း  The Bookseller တွင်ဖော်ပြထားသည်။

“ Harry Potter and the Deathly Hallows”စာအုပ်သည်  ၂၀၀၇ ခုနှစ် ဇူလိုင်လက စတင်ထုတ်ဝေခဲ့သည့် သီတင်းပတ်အတွင်း  စာအုပ်ရေ ၁ဒသမ၈ သန်း ရောင်းချခဲ့ရသည်။

 “ Harry Potter and the Cursed Child” စာအုပ်သည် ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်ကြောင်း ထုတ်ဝေရေးကုမ္ပဏီ  Little , Brown and Company က ပြောကြားသည်။ ပထမနှစ်ရက်အတွင်း မြောက်အမေရိကတွင် စာအုပ်ရေ နှစ်သန်းကျော်ရောင်းချခဲ့ရကြောင်း စာအုပ်ထုတ်ဝေရေး ကုမ္ပဏီ Scholastic က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly