“ Uncontrollably Fond” ဇာတ်ကားအတွက် တေးရေးတေးဆို ဖြစ်လာမယ့် ဆူဇီ

“ Uncontrollably Fond” ဇာတ်ကားအတွက် တေးရေးတေးဆို ဖြစ်လာမယ့် ဆူဇီ

ဆိုးလ်၊ သြဂုတ် ၃ ။              ။ တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ miss A အဖွဲ့ဝင် ဆူဇီသည် ၎င်းပါဝင်သရုပ်ဆောင်ထားသော “ Uncontrollably Fond” ဒရမ်မာဇာတ်ကားအတွက်  ၎င်းကိုယ်တိုင်ရေးစပ်ထားသော OST တေးသီချင်း မကြာသေးမီက  တေးသံသွင်းမှု ပြီးစီးခဲ့ပြီဖြစ်ကြောင်း သတင်းအရင်းမြစ်တစ်ခုက သြဂုတ် ၃ရက်တွင် ပြောကြားခဲ့သည်။

ရိုက်ကူးရေးအစီစဉ်များနှင့် အလုပ်ရှုပ်နေသော်လည်း ဆူဇီသည် တေးသီချင်း အသံသွင်းမှုကို လုပ်ဆောင်ခဲ့ကြောင်း နှင့် ယင်းတေးသီချင်းသည် ၎င်း၏ပထမဆုံး ကိုယ်တိုင်ရေး တေးသီချင်းတစ်ပုဒ်ဖြစ်ပြီး ပရိတ်သတ်များသည် တေးသီချင်းကို မျှော်လင့်စောင့်စားနေကြသည်။

ဆူဇီသည် ယခင်က  EXO အဖွဲ့၏  Baekhyun နှင့် အတူ “ Dream” နှစ်ယောက်တွဲတေးသီချင်းကို ထွက်ရှိခဲ့သည်။ထို့အပြင် ဆူဇီ၏  OST တေးသီချင်း “ Ring My Bell” သည် ဇူလိုင်လက ထွက်ရှိခဲ့ပြီးနောက်ပိုင်း အပြုသဘောဆောင်သော တုံ့ပြန်မှုများရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags