ရေကြည်၌ အထက်တန်းကျောင်းအုပ်တစ်ဦးက ကျောင်းသားမိဘများထံမှ ငွေကြေးတောင်းခံ၍ လူမှုရေးဝန်ကြီးထံတိုင်

ရေကြည်၌ အထက်တန်းကျောင်းအုပ်တစ်ဦးက ကျောင်းသားမိဘများထံမှ ငွေကြေးတောင်းခံ၍ လူမှုရေးဝန်ကြီးထံတိုင်

ရေကြည်၊ သြဂုတ် ၃ရက် ။               ။ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မကျီးလဟာကျေးရွာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးမှ ဇွန်လ ကျောင်းဖွင့်ရာသီတွင်   ကျောင်းထွက်လက်မှတ် ယူသည့် ကျောင်းသားများထံမှ ၂၀၀၀၊ ၃၀၀၀၊ ၅၀၀၀ ကျပ် စသဖြင့် ကောက်ခံမှုရှိခဲ့သည်ဟု  ဧရာဝတီတိုင်းဒေသကြီးလူမှုရေးဝန်ကြီးထံ တိုင်ကြားထားကြောင်း သိရသည်။

"ကျောင်းအုပ်ကြီးဟာ အစိုးရထောက်ပံ့ပေးထားတဲ့ ငွေကြေးတွေကို ပွင့်လင်းမြင်သာစွာ သုံးစွဲမှုမရှိခြင်း၊ ကျောင်း ထောက်ပံ့ရေးကော်မတီတွေကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးနိုင်မှုမရှိခြင်း၊ နိုင်ငံတော် အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်ရာမှာ ဇွန်လဆန်းပိုင်း  ကျောင်းဖွင့်ရာသီမှာ ကျောင်းပြောင်းသွားတဲ့ ကျောင်းသားမိဘတွေဆီက ငွေကြေး တဉ်ီးနှစ်ထောင်၊ သုံးထောင်၊ ငါးထောင်ကောက်ယူမှုများ ရှိနေတယ်”ဟု မန်းကျည်းလဟာ ကျေးရွာနေသူ ဦးဇေယျာ ငြိမ်းချမ်းက ပြောသည်။

အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်၍ ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly