ဖေ့စ်ဘွတ်ခ်တွင် Like သန်းတစ်ရာရရှိသည့် ပထမဆုံး သရုပ်ဆောင်မင်းသား ဖြစ်လာတဲ့ ဗင်ဒီဆဲလ်

ဖေ့စ်ဘွတ်ခ်တွင် Like သန်းတစ်ရာရရှိသည့် ပထမဆုံး သရုပ်ဆောင်မင်းသား ဖြစ်လာတဲ့ ဗင်ဒီဆဲလ်

“Fast and the Furious” မင်းသားကြယ်ပွင့် ဗင်ဒီဆဲလ်သည် လူမှုရေးမီဒီယာတစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ်တွင် ပရိတ်သတ်များ Like ပေးခြင်းအရေအတွက် သန်း ၁၀၀ ရရှိခဲသည့် ပထမဆုံး သရုပ်ဆောင် မင်းသား ဖြစ်သည်။

ဒီဆဲလ်သည် အဆိုတော် ရှက်ကီယာနှင့် ဘောလုံးသမား ခရစ္စတီးနား ရော်နယ်ဒိုတို့ပြီးနောက် ဖေ့စ်ဘွတ်ခ်တွင် တတိယမြောက် Lke သန်းတစ်ရာ ရရှိသူဖြစ်သည်။

“ဗင်ဒီဆဲလ် ဖေ့စ်ဘွတ်ခ်မှာ follower သန်းတစ်ရာ ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါကတော့ ကျွန်တော် အကြိုက်ဆုံး ဓာတ်ပုံတစ်ပုံပါပဲ။ ကျွန်တော်တို့ ပထမဆုံးအချိန် ဆုံတုန်းက ခင်ဗျားရဲ့ မျက်မှန်ကို ငှားပြီ ရိုက်ထားတဲ့ ပုံပါပဲ”ဟု ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မက်ခ်ဇူကာဘက်က ဖေ့စ်ဘွတ်ခ်တွင် စာရေးသားခဲ့သည်။

ဒီဆဲလ်၏ “Fast and Furious” ရုပ်ရှင်ကား မိသားစုဝင်များကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

“ပရိတ်သတ် သန်းတစ်ရာ ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဒီပုံကတော့ ကျွန်မတို့ Fast and Furious ဇာတ်ကားအတွက် ပထမဆုံး ခရီသွားတဲ့ပုံ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဘယ်လောက်ထိ ထူးခြားလဲဆိုတာ ဗင်သိပါတယ်။ သူက ကျွန်မတို့ရဲ့ ရဲရင့်တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်ရှိနေဦးမှာပါ ”ဟု သရုပ်ဆောင်မင်းသမီး ဂျော်ဒါနာ ဘရူစတာက ဇာတ်ကားအတွက် ပထမဆုံး ခရီထွက်ခဲ့သည့် ဓာတ်ပုံနှင့်အတူ ရေးသားခဲ့သည်။

စာရင်းဇယားများအရ  အသက် ၄၉ နှစ်အရွယ်ရှိ ဒီဆဲလ်ကို အားပေးသော ပရိတ်သတ်များသည် အမေရိကန်၊ ဘရာဇီးနှင့် မက္ကဆီကိုနိုင်ငံတို့မှ အများဆုံးဖြစ်ကြောင်း တွေ့ရသည်။

Ref; Yahoo

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly