ကေပေါ့ပ်အမျိုးသမီးဆိုတော်အဖွဲ့ April ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေပွဲကျင်းပသွားမည်

ကေပေါ့ပ်အမျိုးသမီးဆိုတော်အဖွဲ့ April ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေပွဲကျင်းပသွားမည်

ဆိုးလ်၊ ဇူလိုင် ၃၀ ။                ။ ကေပေါ့ပ်အမျိုးသမီးအဆိုတော်အဖွဲ့April အဖွဲ့သည် ယခုနှစ် နွေရာသီတွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပသွားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင်   ဖော်ပြထားသည်။

April အဖွဲ့က ဆိုးလ်မြို့  Baekam  အနုပညာခန်းမ၌ သြဂုတ် ၂၁ရက်တွင် ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၉ရက်က ကြေညာခဲ့သည်။ April အဖွဲ့သည် လက်ရှိအချိန်တွင် ဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါဖျော်ဖြေပွဲသည်  April အဖွဲ့ အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့၏ ပထမဆုံးနှစ်ပတ်လည် ဂုဏ်ပြုပွဲဖြစ်ပြီး စုစုပေါင်း ဖျော်ဖြေပွဲနှစ်ပွဲ ကျင်းပသွားမည်ဖြစ်သည်။

April အဖွဲ့သည် ၂၀၁၅ ခုနှစ် သြဂုတ်လက “ Dreaming” မီနီအယ်လ်ဘမ်  နှင့် ခေါင်းစီးတေးသီချင်း “ Dream Candy” ပွဲဦးထွက်  ထွက်ရှိခဲ့သည်။ ပွဲဦးထွက် ထွက်ရှိခဲ့ပြီးနောက်မကြာမီ မူလက မိန်းကလေးအဖွဲ့ဝင် ခြောက်ဦးဖြင့် ဖွဲ့စည်းထားသော  April အဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးသည် ပညာရေးကြောင့် နှုတ်ထွက်ခဲ့သည်။

ယင်းနောက်ပိုင်းတွင်  April အဖွဲ့သည် “ Muah!” နှင့် “ Snowman” ကဲ့သို့သော  တေးသီချင်းများ ထွက်ရှိခဲ့သည်။ ပြီးခဲ့သည့် ဧပြီလက “ Tinker Bell” တေးသီချင်းနှင့်အတူ ဂီတလောကသို့ ပြန်လာသော  April အဖွဲ့သည် ပရိတ်သတ်များအကြား ကောင်းမွန်သော တုံ့ပြန်မှုများရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags