တရုတ်တေးဂီတဆုပေးပွဲတွင် WINNER ၊ ရိန်း နှင့် PSY တို့ ဆုရရှိ

တရုတ်တေးဂီတဆုပေးပွဲတွင် WINNER ၊ ရိန်း နှင့် PSY တို့ ဆုရရှိ

ဆိုးလ်၊ ဇူလိုင် ၃၀ ။               ။ တရုတ်နိုင်ငံတွင် ဇူလိုင် ၂၈ရက်က ကျင်းပပြုလုပ်သော “ 2016 MTV Asia Music Gala” တေးဂီတဆုပေးပွဲတွင် တောင်ကိုရီးယားအဆိုတော်များဖြစ်သည့် WINNER အဖွဲ့  ၊ ရိန်း နှင့်  PSY တို့သည် ဆုများရရှိခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါဆုပေးပွဲတွင် ကိုရီးယားနိုင်ငံကိုယ်စားပြုအဖြစ်  WINNER အဖွဲ့ ၊ ရိန်း နှင့် PSY တို့ တတ်ရောက်ခဲ့ကြပြီး ပရိတ်သတ်များကို တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။ WINNER အဖွဲ့သည် “ Most Popular Overseas Group” ဆုကိုရရှိခဲ့ကြောင်း နှင့်  ၎င်းတို့၏ပရိတ်သတ်များက ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

အဆိုတော်ရိန်းသည်  “ Best International Artist” ဆုကို ရရှိခဲ့ပြီး ယင်းက တရုတ်နိုင်ငံတွင် ရိန်း၏အောင်မြင်ကျော်ကြားမှုကို သက်သေပြနေသည်။ ရက်ပါ  PSY သည်  ၎င်း၏ အင်တိုက်အားတိုက် ဖျော်ဖြေမှုများအတွက် “ Best Concert” ဆုကိုရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly