ရုပ်မြင်သံကြား အစီစဉ် တင်ဆက်သူ မွန်တဲဝီလျံ ဆေးခြောက် ပိုင်ဆိုင်မှုဖြင့် ဂျာမနီလေဆိပ်တွင် ထိန်းသိမ်းခံရ

ရုပ်မြင်သံကြား အစီစဉ် တင်ဆက်သူ မွန်တဲဝီလျံ ဆေးခြောက် ပိုင်ဆိုင်မှုဖြင့် ဂျာမနီလေဆိပ်တွင် ထိန်းသိမ်းခံရ

လော့စ်အိန်ဂျလိစ် ၊ နယူးယော့ခ် ဇူလိုင် ၃၀ ။               ။ အမေရိကန် ရုပ်မြင်သံကြား အစီစဉ်တင်ဆက်သူဟောင်း မွန်တဲဝီလျံသည် ဇူလိုင် ၂၉ရက်က ဂျာမနီနိုင်ငံ  Frankfurt လေးဆိပ်တွင်   ဆေးခြောက်ပိုင်ဆိုင်မှုဖြင့် ထိန်းသိမ်းခံထားရကြောင်း  သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မွန်တဲဝီလျံသည် မိသားစုနှင့်အတူ အပန်းဖြေခရီးထွက်စဉ် ဆေးခြောက်ပိုင်ဆိုင်မှုဖြင့် ဂျာမနီလေဆိပ်တွင် ခေတ္တထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

အာဏာပိုင်များသည် ဝီလျံ ဆေးခြောက်ကို ဆေးဖြစ်ဝါးဖြစ် သောက်သုံးနေမှု အတည်ပြုချက်ကို တောင်းခံခဲ့ပြီး အကောင်ခွန်ရုံးကို သက်သေအဖြစ် တင်ပြခဲ့ပြီးနောက်  တစ်နာရီအတွင်း မွန်တဲဝီလျံကို ပြန်လွှတ်ပေးခဲ့ကြောင်း မွန်တဲဝီလျံ၏ ကိုယ်စားလှယ်က ဂျိနက်သန်ဖရက်ခ်က ပြောကြားသည်။

“ဂျာမန်အာဏာပိုင်တွေက  မွန်တဲဝီလျံ ဆေးခြောက်ကို ဆေးဖြစ်ဝါးဖြစ်သုံးတယ်ဆိုတာ သက်သေပြဖို့ ကျွန်တော်တို့ကို တောင်းဆိုတယ်။”ဟု ဖရက်ခ်က  People မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

အသက် ၆၀ နှစ်အရွယ်ရှိ မွန်တဲဝီလျံသည် ၁၉၉၉ ခုနှစ်က အာရုံကြောစနစ် ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှု ၊ စကားပြောဆိုမှုစသည် ထိန်းမနိုင်ဖြစ်သော ရောဂါ ( MS)ကို ခံစားနေရသည်။မွန်တဲဝီလျံသည် MSရောဂါခံစားရပြီးနောက် တစ်နှစ်အကြာတွင် သုတေသန နှင့် ပညာရေးကို  အဓိထား လုပ်ဆောင်သော  MS ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သည်။

မွန်တဲဝီလျံသည် MS ရောဂါကြောင့် ဖြစ်ပွားသော နာကျင်မှုကို သက်သာစေရန် ဆေးခြောက်ကို ဆေးဝါးအဖြစ် ကာလကြာရှည် သုံးစွဲခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags