ဗြိတိန် တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ဒရေ့ခ်၏ ၁၅ပတ်ကြာ ကြီးစိုးမှုကို အဆုံးသတ်လိုက်တဲ့ ဂျက်စတင်ဘီဘာ

ဗြိတိန် တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ဒရေ့ခ်၏ ၁၅ပတ်ကြာ ကြီးစိုးမှုကို အဆုံးသတ်လိုက်တဲ့ ဂျက်စတင်ဘီဘာ

နယူးယော့ခ်၊ ဇူလိုင် ၃၀ ။                    ။ ရက်ပ်အဆိုတော် ဒရေ့ခ်၏ “ One Dance”တေးသီချင်းသည် ဗြိတိန်တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ထိပ်ဆုံးမှ သီတင်းပတ် ၁၅ပတ်ကြာ ရပ်တည်မှုသည် အဆုံးသတ်ခဲ့ပြီး ကနေဒါအဆိုတော်  ဂျက်စတင်ဘီဘာ၏ “ Cold Water” တေးသီချင်းသည် ယခုအခါ ဇယားထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။

ဘီဘာ၏ “ Cold Water” တေးသီချင်းသည် Major Lazer တေးဂီတအဖွဲ့ နှင့် MØတို့ ပူးပေါင်းသီဆိုထားသည်။ “ Cold Water” တေးသီချင်းသည် ကြည့်ရှုနားဆင်သူ ၅ဒသမ ၅၆ သန်း နှင့် ဒေါင်းလုတ်ပြုလုပ်မှု ၄၇၀၀၀ အပါအဝင်  တေးသီချင်းရောင်းချမှု ၁၀၂ ၀၀၀ ဖြင့် နံပါတ်တစ်နေရာကို ရယူထားသည်။

ဒရေ့ခ်သည် ၁၉၉၁ ခုနှစ်က ဘရိုင်ရယ်အဒမ်၏ တေးသီချင်း “ ( Everything I Do) I Do It For You” တေးသီချင်း ဗြိတိန် တေးဂီတဇယားတွင် နံပါတ် တစ်နေရာမှ သီတင်းပတ် ၁၆ပတ်ကြာ ရပ်တည်ခဲ့သည့် စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းမရှိပေ။

“ One Dance” တေးသီချင်းသည် ယခုသီတင်းပတ်တွင် ဇယား၏ နံပါတ် ၅ နေရာသို့ရောက်ရှိခဲ့ကြောင်း နှင့် နံပါတ် ၂ နေရာတွင် ဂျိုနက်စ်ဘလူး နှင့် ဂျေပီကော့ပါးတို့နှစ်ဦးသီဆိုထားသော “ Perfect Strangers” တေးသီချင်းက ရပ်တည်နေသည်။

နံပါတ် ၃ နေရာတွင် ကာလမ်စကော့၏ “ Dancing On My Own” တေးသီချင်းက ရပ်တည်နေပြီး နံပါတ် ၄ နေရာတွင် The Chainsmokers နှစ်ယောက်တွဲအဆိုတော်အဖွဲ့၏ “ Don’t Let Me Down” တေးသီချင်းက ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags