ဂျိမ်းစဘွန်း စတူဒီယို Pinewood ကို ရောင်းချတော့မည်

ဂျိမ်းစဘွန်း စတူဒီယို Pinewood ကို ရောင်းချတော့မည်

နယူးယော့ခ်၊ ဇူလိုင် ၂၉ ။           ။ ဂျိမ်းစဘွန်းရုပ်ရှင်ကားများ ရိုက်ကူးရာ  Pinewood ရုပ်ရှင်စတူဒီယိုများကို စတာလင်ပေါင် ၃၂၃ ဒသမ ၃ သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Pinewood Group၏ အကြီးမားဆုံး ရှယ်ယာရှင်နှစ်ဦးက နာမည်ကျော်ကြားသော ရုပ်ရှင်နှင့် ရုပ်မြင်သံကြားစတူဒီယိုများကို အိမ်ခြံမြေရင်းနှီးမြှပ်နှံသည့်လုပ်ငန်း Aermont ထံသို့ ရောင်းချရန် သဘောတူညီခဲ့ကြသည်။

Pinewood ၏ 007  ဇာတ်စင်သည် ကမ္ဘာ့အကြီးမားဆုံးဇာတ်စင်များအနက် တစ်ခုအပါအဝင် ဖြစ်ပြီး Spectre  နှင့် Skyfall ရုပ်ရှင်ကားများ ရိုက်ကူးမှုတွင် အသုံးပြုခဲ့သည်။ Some of Star Wars: The Force Awakens ရုပ်ရှင်ကားကိုလည်း ဘက်ကင်ဟမ်ရှိုင်းယားဒေသရှိ  Pinewood စတူဒီယိုတွင် ရိုက်ခဲ့သည်။

Peel Holding အိမ်ခြံမြေရင်းနှီးမြှပ်နှံသည့် ကုမ္ပဏီပိုင်  Goodweather Investment Management နှင့် ကျောက်မျက်ကုမ္ပဏီကို ပိုင်ဆိုင်သော Warren James Holdings ကုမ္ပဏီတို့သည် Pinewood Group ၏ ၆၅ ရာခိုင်နှုန်းကို အတူထိန်းချုပ်သွားမည်ဖြစ်ပြီး ဝယ်ယူ သူထံသို့ ရောင်းချသွားရန် သဘောတူညီထားသည်။

Pinewood ကုမ္ပဏီသည်  အမေရိကန်ပြည်ထောင်စု ၊ ကနေဒါ ၊ မလေးရှားနှင့် ဒိုမီနီကန် သမ္မတနိုင်ငံတို့ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား စတူဒီယိုများ ပိုင်ဆိုင်ထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags