ယခုနှစ်မကုန်ခင် ဂီတလောကသို့ ပြန်လာရန် စီစဉ်နေတဲ့ ရိန်း

ယခုနှစ်မကုန်ခင် ဂီတလောကသို့ ပြန်လာရန် စီစဉ်နေတဲ့ ရိန်း

ဆိုးလ်၊ ဇူလိုင် ၂၉ ။           ။ တောင်ကိုရီးယား မင်းသားရိန်းသည် ယခုနှစ်မကုန်ခင် အဆိုတော်အဖြစ် ဂီတလောကသို့ ပြန်လာရန် စီစဉ်နေကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ရိန်းဟာ ယခုနှစ်ထဲမှာ ဂီတလောကကို ပြန်လာဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန် မှာ တရုတ်ဒရမ်မာဇာတ်ကားရိုက်ကူးရေး အစီစဉ်ရှိနေပါတယ်။ ရိန်း ဂီတလောကကို ပြန်လာဖိုွှ ကျွန်တေ်ာတို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်”ဟု ရိန်း၏ စီမံခန့်ခွဲမှုအေဂျင်စီ R.A.I.N ကုမ္ပဏီက ဇူလိုင် ၂၈ရက်တွင် ပြောကြားခဲ့သည်။

“ယခုနှစ်ဝက်မှာ ဂီတလောကကို ပြန်လာဖို့ လုပ်ဆောင်နေပါတယ်”ဟု အေဂျင်စီက ပြောကြား ခဲ့သည်။ ရိန်းသည် မကြာသေးမီက “ MTV Asia Music Gala 2016” ပွဲသို့ WINNER ၊  Psy တို့နှင့်အတူ ကေပေါ့ပ်ကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့သည်။

ရိန်းသည် လက်ရှိအချိန်တွင် တရုတ်ဒရမ်မာဇာတ်ကား “ Endless August” တွင် f(x) အဖွဲ့ဝင် ဗစ်တိုးရီယားနှင့်အတူ ပါဝင်သရုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly