“W” ဇာတ်ကား “ Uncontrollably Fond” ဇာတ်ကားကို ကျော်လွန်ကာ ကြည့်ရှုနှုန်းမြှင့်တက်

“W” ဇာတ်ကား “ Uncontrollably Fond” ဇာတ်ကားကို ကျော်လွန်ကာ ကြည့်ရှုနှုန်းမြှင့်တက်

ဆိုးလ် ၊ ဇူလိုင် ၂၈ ။                ။ MBC ရုပ်သံ၏  “W” ဒရမ်မာဇာတ်လမ်းတွဲသည်  ဒုတိယသီတင်းပတ်တွင်  KBS 2TV ၏ရုပ်သံ ဇာတ်လမ်းတွဲ “ Uncontrollably Fond” ကို ကျော်လွန်ကာ   ပြည်တွင်းကြည်ရှုမှုနှုန်း မြှင့်တက်ခဲ့ကြောင်း ဇူလိုင် ၂၈ရက်ကရရှိသော အချက်အလက်များက ဖော်ပြနေသည်။

 “W” ဒရမ်မာ ဇာတ်လမ်းတွဲ အပိုင်းသုံးသည် ကြည့်ရှုသူ ၁၃ရာခိုင်နှုန်း ရရှိထားပြီး ယခင်အပိုင်းများထက် ကြည့်ရှုသူ ၃ဒသမ၄ သန်း မြှင့်တက်ခဲ့သည်။ “W” ဇာတ်ကားသည် ယခုအချိန်ထိ အပိုင်းတစ်ပိုင်းစီသည်  ကြည့်ရှုမှုနှုန်း မြှင့်တက်လျက်ရှိသည်။

မြူးကြွသွက်လက်သော ဇာတ်အိမ်ဖြင့် တည်ဆောက်ထားသော “ Uncontrollably Fond” ဇာတ်လမ်းတွဲတွင် ကင်ဝူဘင်း နှင့်ဆူဇီတို့ ပါဝင်သရုပ်ဆောင်ထားပြီး ကြည့်ရှုမှုနှုန်းသည် ၉ရာခိုင်နှုန်းရှိပြီး ၂ဒသမ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

“W” ဒရမ်မာဇာတ်လမ်းတွဲတွင် လီဂျောင်ဆော့ခ် နှင့်  မင်းသမီး  Han Hyo-joo တို့ ပါဝင်သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags