နောက်ထပ်ကလေးတစ်ယောက် ထပ်မံ မွေးစားဖို့ စီစဉ်နေတဲ့ ဂျိုလီတို့ ဇနီးမောင်နှံ

နောက်ထပ်ကလေးတစ်ယောက် ထပ်မံ မွေးစားဖို့ စီစဉ်နေတဲ့ ဂျိုလီတို့ ဇနီးမောင်နှံ

နယူးယော့ခ်၊ ဇူလိုင် ၂၈ ။                ။ ဟောလိဝုဒ်အကျော်အမော် အိန်ဂျလီနာဂျိုလီ နှင့် ဘရက်ပစ်ဒ်တို့ ဇနီးမောင်နှံသည် နောက်ထပ်ကလေးတစ်ဦးကို ထပ်မံ မွေးစားသွားရန် စီစဉ်နေကြောင်း ၎င်းတို့ နှစ်ဦးနှင့် ရင်းနှီးသော မိတ်ဆွေတစ်ဦးက  In Touch သတင်းဌာနကို ပြောကြားခဲ့သည်။

“ သူတို့ နှစ်ဦးဟာ သတ္တမမြောက် ကလေးကို မွေးစားပြီး သူတို့ရဲ့အိမ်ထောင်ရေးကို ခိုင်မြဲအောင်လုပ်ဆောင်သွားမှာပါ။ ယခုအခါ သူတို့ နှစ်ဦးကွာရှင်းမယ်ဆိုတဲ့ ကိစ္စကိုလည်း ဖျက်သိမ်းလိုက်ပါပြီ။ နောက်ထပ် ကလေးတစ်ယောက်မွေးစားတာဟာ သူတို့ရဲ့ဆက်ဆံရေးကို ပိုမိုခိုင်မာစေမယ်လို့ သူတို့ နှစ်ဦးက ယူဆထားတယ်”ဟု ၎င်းတို့နှင့် သိကျွမ်းသော မိတ်ဆွေတစ်ဦးက ပြောကြားသည်။

“  ဘရက်ပစ်ဒ်နဲ့ ဂျိုလီတို့ နှစ်ဦးဟာ တောင်အာဖရိက ၊ ဘူရန်ဒီ ဒါမှမဟုတ်  အီသီယိုပီးယားနိုင်ငံမှ ကလေးတစ်ယောက်ကို မွေးစားဖို့ လုပ်ဆောင်နေပါတယ်။ သူတို့နှစ်ဦးဟာ အသက် ၁၀နှစ် ဒါမှမဟုတ် ၁၀နှစ်အထက် ကလေးကို မွေးစားသွားမှာပါ။ အဲ့ကလေးဟာ သူတို့ရဲ့ သားသမီတွေနဲ့ အတူ ရောရောထွေးထွေး နေနိုင်တဲ့သူဖြစ်ရမယ် ”ဟု ၎င်းကပြောကြားသည်။

ဘရက်ပစ်ဒ်နှင့် ဂျိုလီတို့နှစ်ဦးတွင် အသက် ၁၄ နှစ်အရွယ် မက်ဒေါ့ဇ် ၊ အသက် ၁၂ နှစ်အရွယ် ပက်ဇ် ၊ အသက် ၁၁ နှစ်အရွယ် ဇာဟာရာ ၊ အသက် ၁၀ နှစ်အရွယ် ရှိုင်လော့ရှ် နှင့် အသက် ၈နှစ်အရွယ် အမြွှာများဖြစ်သော နော့ဇ် နှင့် ဗီဗီအန် တို့သားသမီးခြောက်ဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly