ထယ်ယောင်း နှင့် မင်ဟိုရင်တို့ နှစ်ဦး ဂျပန်မှာ တွဲခုတ်နေသည်ဟု သတင်းများထွက်ပေါ်

ထယ်ယောင်း နှင့် မင်ဟိုရင်တို့ နှစ်ဦး ဂျပန်မှာ တွဲခုတ်နေသည်ဟု သတင်းများထွက်ပေါ်

ဆိုးလ်၊ ဇူလိုင် ၂၈ ။               ။ Big Bang အမျိုးသားအဆိုတော်အဖွဲ့ဝင်  ထယ်ယောင်း နှင့်  မင်းသမီး မင်ဟိုရင်တို့နှစ်ဦးသည် ဂျပန်နိုင်ငံ တိုကျိမြို့ ဂင်ဇာဒေသတွင် ဈေးဝယ်ထွက်နေစဉ် ဒိတ်လုပ်ခဲ့ကြကြောင်း ဇူလိုင် ၂၇ရက်က ထုတ်ပြန်သော သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မင်သည် မကြာသေးမီက ရုပ်မြင်သံကြားအစီစဉ် “ Sister’s Slam Dunk” ကို အောင်မြင်စွာ ရိုက်ကူးပြီးစီးခဲ့ကြောင်း နှင့် အနားယူရန် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ၎င်း၏ချစ်သူဖြစ်သူ ထယ်ယောင်းနှင့်တွေ့ဆုံခဲ့သည်။

ထယ်ယောင်း နှင့် မင်ဟိုရင်တို့သည် ၂၀၁၅ ခုနှစ် ဇွန်လက ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို အတည်ပြုပြောကြားခဲ့ပြီး နောက်ပိုင်း  ၎င်းတို့၏ ဆက်ဆံရေးအပေါ် ပရိသတ်များ၏ အားပေးမှုကို ရရှိထားသည်။

ထယ်ယောင်းသည်   Big Bang အဖွဲ့၏ အနုပညာသက်တမ်း ၁၀နှစ်ပြည့် ဖျော်ဖြေပွဲအတွက် ပြင်ဆင်လျက်ရှိကြောင်းနှင့် အဆိုပါ ဖျော်ဖြေပွဲကို ဆိုးလ်မြို့၌  သြဂုတ် ၂၀ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly