မိန်းကလေးချစ်သူ အလီရှာကာဂျဲလ်ကို အချစ်စစ်နဲ့ ချစ်ကြောင်း ပြောကြားလာတဲ့ ခရစ္စတင်စတီးဝပ်

မိန်းကလေးချစ်သူ အလီရှာကာဂျဲလ်ကို အချစ်စစ်နဲ့ ချစ်ကြောင်း ပြောကြားလာတဲ့ ခရစ္စတင်စတီးဝပ်

နယူးယော့ခ်၊ ဇူလိုင် ၂၈ ။                ။ ကမ္ဘာကျော် မင်းသမီး ခရစ္စတင် စတီးဝပ်သည် Elle မဂ္ဂဇင်းနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ၎င်း၏ မိန်းကလေးချစ်သူ ရုပ်ရှင်ထုတ်လုပ်သူ အလီရှာကာဂျဲလ်နှင့် ဆက်ဆံရေးအကြောင်းကို ပထမဆုံးအကြိမ်အဖြစ် ပြောကြားခဲ့သည်။

“ အခုအချိန်မှာ ကျွန်မရဲ့ ချစ်သူ အလီရှာကာဂျဲလ်ကို အချစ်စစ်နဲ့ချစ်တာပါ။ ကျွန်မတို့နှစ်ဦးဟာ နှစ်ကြိမ်လမ်းခွဲခဲ့ပြီး။ ပြန်လည်တွဲခဲ့ပါတယ်။ အဲ့ဒီအချိန်ကို ကျွန်မကြိုက်တယ်။နောက်ဆုံးမှာ ကျွန်မ အဲ့လိုမျိုးထပ်ပြီးခံစားရတယ်”ဟု ခရစ္စတင်စတီးဝပ်က ပြောကြားခဲ့သည်။

ကျွန်မ မိန်းကလေးတစ်ယောက်နှင့်ချစ်သူဖြစ်သည့်အပေါ် ရှက်ရွံခဲ့သည်ဟု ပရိတ်သတ်များ မတွေးထင်စေရန် ကာဂျဲလ်နှင့်အကြောင်းကို ပြောကြားဖို့ ဆုံးဖြတ်ခဲ့ခြင်ဖြစ်ကြောင်း ခရစ္စတင်စတီးဝပ်က   ပြောကြားသည်။

စတီးဝပ်သည် ၂၀၀၈ ခုနှစ်က “ Twilight” မင်းသား ရိုဘတ်ပက်တင်ဆန် နှင့် စတင်တွဲခဲ့သော်လည်း ၂၀၁၂ ခုနှစ်အထိ ရိုဘတ်ပက်တင်ဆန် နှင့် ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ ခရစ္စတင်စတီးဝပ်က ကျွန်မ ယောင်္ကျားလေးတစ်ယောက်ထက် မိန်းကလေးတစ်ယောက်နှင့် တွဲနေတာကို ဝန်ခံပြောကြားဖို့ ယခုအချိန်မှာ ကျွန်မအတွက် လွယ်ကူနေပါပြီဟု ပြောကြားခဲ့သည်။

 “ ကျွန်မ ယောင်္ကျားလေးတစ်ယောက်နဲ့ တွဲတဲ့အခါ ကျွန်မလုပ်ခဲ့တဲ့အရာတိုင်းကို ဖုံးကွယ်ထားတယ်။ဘာလို့လဲဆိုတော့ ပုဂ္ဂိုလ်ရေးရာ အကြောင်းအရာတိုင်းဟာ အရေးမပါဘူးလို့ ခံစားရတယ်။”ဟု ခရစ္စစတီးဝပ်က ပြေကြားခဲ့သည်။ “  ကျွန်မတို့ကို ဇာတ်ကောင်စရိုက်တစ်ခုအဖြစ် ပြောင်းလဲပြီး ဟာသစာအုပ်မှာ ထည့်ရေးတဲ့အခါ ကျွန်မတို့ အကြောင်းကို မဟုတ်တာလုပ်ရေးတာမျိုးကိုတော့ ကျွန်မမကြိုက်ဘူး” ဟု ခရစ္စတင်စတီးဝပ်က ပြောကြားခဲ့သည်။

“ ကျွန်မဘဝအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောရတာ ကျွန်မအရမ်းပျော်ပါတယ်”ဟု ခရစ္စတင်စတီးဝပ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly