အနုပညာသက်တမ်း ကိုးနှစ်ပြည့်အတွက် အထူးတေးသီချင်းတစ်ပုဒ် ထုတ်လွှင့်သွားမည့် Girls’ Generation အဖွဲ့

အနုပညာသက်တမ်း ကိုးနှစ်ပြည့်အတွက် အထူးတေးသီချင်းတစ်ပုဒ် ထုတ်လွှင့်သွားမည့် Girls’ Generation အဖွဲ့

ဆိုးလ်၊ ဇူလိုင် ၂၆ ။              ။ Gilrs’ Generation အဖွဲ့သည်  အနုပညာသက်တမ်း ကိုးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပရိသတ်များအတွက် အထူးတေးသီချင်းတစ်ပုဒ်ကို  SM STATION မှတစ်ဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ That Summmer (0805)” တေးသီချင်းကို  Gilrs’ Generation အဖွဲ့၏ အနုပညာသက်တမ်း ကိုးနှစ်ပြည့်သည့်နေ့ သြဂုတ်၅ရက် ကိုရီးယားစံတော်ချိန် ည၁၂နာရီတွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း နှင့် အဆိုပါ တေးသီချင်း စားသားများကို အဖွဲ့ဝင် ဆိုယောင်က ရေးသားခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်က  Girls’ Generation အဖွဲ့ ပဉ္စမမြောက် စတူဒီယို တေးအယ်လ်ဘမ် “ Lion Heart” နှင့်အတူ ဂီတလောကသို့ ပြန်လာခဲ့ပြီးနောက်ပိုင်း  “ That Summer (0805) ” တေးသီချင်းသည် အဖွဲ့၏ ပထမဆုံးတေးသီချင်းဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly