နစ်ခ်ယောင်နဲ့ လမ်းခွဲပြီးနောက် အစ်ဂီအဇေးလီးယားတစ်ယောက် ရက်ပ်ပါ ဖရက်မွန်တာနာနှင့် တွဲနေသည်ဟု သတင်းများ ထွက်ပေါ်

နစ်ခ်ယောင်နဲ့ လမ်းခွဲပြီးနောက် အစ်ဂီအဇေးလီးယားတစ်ယောက် ရက်ပ်ပါ ဖရက်မွန်တာနာနှင့် တွဲနေသည်ဟု သတင်းများ ထွက်ပေါ်

လော့စ်အိန်ဂျလိစ် ၊ ဇူလိုင် ၂၆ ။              ။ သြစေတြေးလျရက်ပ်အဆိုတော်  အစ်ဂီအဇေးလီးယားသည် ပြီးခဲ့သည့်လ ဘတ်စကက်ဘောကစားသမား နစ်ခ်ယောင်နှင့် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့ပြီးနောက် ဇူလိုင် ၂၃ ရက်က အစ်ဂီအဇေးလီးယားကို ရက်ပ်ပါ ဖရက်မွန်တာနာနှင့် အတူတွေ့ရှိခဲ့ကြောင်း ကောလဟာလသတင်းများ ထွက်ပေါ်ခဲ့သည်။

အစ်ဂီအဇေးလီးယားနှင့် ဖရက်မွန်တာနာတို့နှစ်ဦးသည် အစ်ဂီဖျော်ဖြေပွဲပြုလုပ်သွားမည့် Jewel နိုက်ကလပ်သို့မသွားခင် ဂျန်နီဖာလိုပက်ဇ်၏  All I Have ဖျော်ဖြေပွဲသို့ တတ်ရောက်ခဲ့သည်။” သူတို့နှစ်ဦးဟာ ရယ်မောပျော်ရွှင်စွာနဲ့ ကခုန်ခဲ့ကြတယ်။သူတို့နှစ်ဦးကို ကြည့်ရတာ ပျော်ရွှင်နေတဲ့ပုံရပါတယ်”ဟု ပရိတ်တစ်ဦးက  Us Weeklyကို ပြောကြားခဲ့သည်။

ဖရက်သည် အစ်ဂီ၏ဖျော်ဖြေမှုကို ကြည့်ရှုခဲ့ကြောင်း နှင့် အစ်ဂီသည် “ Fancy” နှင့် “ Black Widow” တေးသီချင်းအပါအဝင် နာမည်ကျော်ကြားသော တေးသီချင်းများကို ဖျော်ဖြေခဲ့သည်။ယင်းနောက် ၎င်းတို့နှစ်ဦးသည် နံနက် ၂ နာရီ မိနစ်၃၀အချိန်ခန့်တွင် အတူထွက်ခွာသွားခဲ့ကြောင်း ပွဲကြည့် ပရိသတ်တစ်ဦးက ပြောကြားသည်။

အစ်ဂီက ဘတ်စကက်ဘောကစားသမား နစ်ခ်ယောင်သည် ၎င်းအပေါ် လိမ်ညာလှည့်ဖျားခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ပြီးခဲ့သည့်လက စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့သည်။ ယင်းနောက်တွင်   ယောင်၏ ရည်စားဟောင်းဖြစ်သူ ကီအွန်နာဂရင်းသည် ယခုအခါ ယောင်၏ဒုတိယမြောက် ရင်သွေးလေးကို လွယ်ထားရပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယောင်နှင့် ဂရေးတို့တွင် အသက်လေးနှစ်အရွယ် နစ်ခ်ဂျူနီယာအမည်ရှိ သားတစ်ယောက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly