ဆိုးလ်၊ ဇူလိုင် ၂၅ ။ ။ တောင်ကိုရီးယား မင်းသမီး မွန်ဆိုရီသည် ၇၃ ကြိမ်မြောက် Venice နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် Orizzontii အပိုင်းအတွက် ဒိုင်အဖြစ် ဆောင်ရွက်ပေးရန် ရွေးချယ်ခံခဲ့ရကြောင်း ၎င်း၏အေဂျင်စီ C-JeS အင်တာတိန်းမန့်က ဇူလိုင် ၂၄ ရက်က ပြောကြားသည်။
Venice ရုပ်ရှင်ပွဲတော်သည် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး ပွဲတော်တစ်ခုဖြစ်ပြီး ကိန်းစ်ရုပ်ရှင်ပွဲတော် နှင့် ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တို့နှင့်အတူ ဂုဏ်သတင်းကြီးမားတဲ့ ပွဲတော်တစ်ခုဖြစ်ကြောင်းနှင့် Orizzonti အပိုင်းသည် ပွဲတော်၏ အပိုင်းခွဲတစ်ခုဖြစ်သည်။
မွန်ဆိုရီသည် Venice ရုပ်ရှင်ပွဲတော်တွင် ဒိုင်အဖြစ် ဆောင်ရွက်ပေးရန် ရွေးချယ်ခံထားရသည့် ပထမဆုံးကိုရီးယား သရုပ်ဆောင်ဖြစ်သည်။၂၀၀၆ ခုနှစ်က ဒါရိုက်တာ ပတ်ခ်ချန်ဝုခ်သည် ယှဉ်ပြိုင်မှုအတွက် ဒိုင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၀၉ ခုနှစ်တွင် ဒါရိုက်တာ ကင်ဂျင်အာသည် Orizzonti အပိုင်းအတွက် ဒိုင်လူကြီးအဖြစ် ရွေးချယ်ခံထားရသည်။
မွန်ဆိုရီသည် ၅၉ ကြိမ်မြောက် Venice နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ၂၀၀၂ ခုနှစ်က ၎င်းပါဝင်သရုပ်ဆောင်ထားသော “ Oasis” ရုပ်ရှင်ကားဖြင့် တက်သစ်စမင်းသမီးဆု Marcello Mastroianni Awardဆုကို ရရှိခဲ့သည်။
၇၃ကြိမ်မြောက် နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို အီတလီနိုင်ငံ လီဒိုဒီဗီနီဇီအာကျွန်းတွင် သြဂုတ် ၃၁ မှ စက်တင်ဘာ ၁၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မွန်ဆိုရီသည် လက်ရှိအချိန်တွင် “ Special Citizen” ရုပ်ရှင်ကားတွင် သရုပ်ဆောင်လျက်ရှိသည်။