စကားများရန်ဖြစ်မှုအတွင်း စေ့စပ်ထားသူ ရုရှသန်းကြွယ်သူဌေးက သတ်ဖြတ်ဖို့ကြိုစားခဲ့တယ်လို့ ပြောလာတဲ့ လင်ဆေးလိုဟန်

စကားများရန်ဖြစ်မှုအတွင်း စေ့စပ်ထားသူ ရုရှသန်းကြွယ်သူဌေးက သတ်ဖြတ်ဖို့ကြိုစားခဲ့တယ်လို့ ပြောလာတဲ့ လင်ဆေးလိုဟန်

နယူးယော့ခ်၊ ဇူလိုင် ၂၅ ။            ။ လင်ဆေးလိုဟန်သည်   ဇူလိုင် ၂၃ ရက် နံနက် ၅ နာရီက လန်ဒန်မြို့ရှိ ၎င်း၏နေအိမ်တွင်  စေ့စပ်ထားသူ  ရုရှသန်းကြွယ်သူဌေး အီဂေါသရာဘာဆို့ဗ်နှင့် စကားများရန်ဖြစ်စဉ် အီဂေါက ၎င်းအား သတ်ရန်ကြိုးစားနေကြောင်း အော်ဟစ်ခဲ့မှုကြောင့် လမ်းတစ်လမ်းလုံး အိပ်ရာမှ လန့်နှိုးခဲ့သည်။

အသက် ၃၀နှစ်အရွယ်ရှိ  မင်းသမီး လင်ဆေးက စေ့စပ်ထားသူ အီဂေါသရာဘာဆို့ဗ်ကို အပျော်မယ်တစ်ဦးနှင့် ပတ်သက်နေကြောင်း စွပ်စွဲပြောကြားခဲ့သည်။

လင်ဆေး၏ အော်ဟစ်အကူညီတောင်းသံများကို အိမ်နီချင်းများက ကြားခဲ့ပြီး ရဲတပ်ဖွဲ့အား အကူညီတောင်းခဲ့ရာ ရဲတပ်ဖွဲ့က လင်ဆေး၏ အိမ်ရှေ့တံခါးကို ချိုးဖျက်ဝင်ရောက်ခဲ့သည်။

 လင်ဆေးလိုဟန်တို့နှစ်ဦး စကားများရန်ဖြစ်မှုဖြစ်ပွားပြီးနောက်  ၁၀မိနစ်အကြာတွင် ရဲတပ်ဖွဲ့သည် လန်ဒန်အနောက်ပိုင်းရှိ စတာလင်ပေါင်  ၃ဒသမ၂သန်းတန်ကြေးရှိ လင်ဆေးလိုဟန်၏နေအိမ်သို့ ရောက်ရှိခဲ့ပြီး အိမ်အတွင်းဝင်ရောက်ခဲ့သော်လည်း ၎င်းတို့နှစ်ဦးသည် နေအိမ်မှ ထွက်သွားခဲ့ပြီဖြစ်ကြောင်း နှင့် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းမရှိပေ။

“  ရဲတပ်ဖွဲ့ဟာ အမျိုးသမီးတစ်ဦးရဲ့ သတင်းပေးပို့မှုကို ရရှိခဲ့တယ်။ဒီကိုရောက်လာတော့ အိမ်ထဲမှာ ဘယ်သူမှ မရှိခဲ့ဘူး။ ဒါပေမဲ့ စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့တယ်။ အိမ်သူအိမ်သားတွေကို   ခြေရာခံခဲ့တယ်။ ဘေးအန္တရယ်ကင်းရှင်းတာကို တွေ့ရတယ်။”ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“  လင်ဆေးလိုဟန်ရဲ့ ဆူးရှတဲ့အော်သံကြောင့် ကျွန်မ အိပ်ရာကနေ လန့်နိုးသွားတယ်။ ကျွန်မအရမ်းကို စိတ်ပူသွားတယ်။ရဲကားတွေ ရောက်လာတယ်။ တစ်လမ်းလုံးလည်း အိပ်ရာကနေနိုးခဲ့ကြတယ်။ ဘာဖြစ်တာလဲဆိုပြီး စူစမ်းခဲ့ကြတယ် ”ဟု အိမ်နီးချင်းတစ်ဦးက The Sun သတင်းစာကို ပြောကြားခဲ့သည်။

လင်ဆေးလိုဟန်သည် ယင်းနေ့ညက ၎င်းနှင့်စေ့စပ်ထားသူ အီဂေါကို အပျော်မယ်တစ်ဦးနှင့် ပတ်သက်နေသည်ဟု အွန်လိုင်းတွင် စွပ်စွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly