အမ်မာဟာ့ဒ်က ဂျွန်နီဒပ်နဲ့ ကွာရှင်းဖို့လုပ်ဆောင်တာ ဘီလျံနာ အီလွန်မက်ခ်နဲ့ ဆက်စပ်မှုရှိနေတာလား

အမ်မာဟာ့ဒ်က ဂျွန်နီဒပ်နဲ့ ကွာရှင်းဖို့လုပ်ဆောင်တာ ဘီလျံနာ အီလွန်မက်ခ်နဲ့ ဆက်စပ်မှုရှိနေတာလား

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၂၃ ။             ။ ဟောလိဝုဒ်မင်းသား ဂျွန်နီဒပ်၏ ဇနီးဟောင်းဖြစ်သူ  အမ်မာဟာ့ဒ်သည်  စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာတစ်ဦးဖြစ်သူ အီလွန်မက်ခ်နှင့် အတူ အချိန်များကုန်ဆုံးလျက်ရှိသည်။

အမ်မာဟာ့ဒ်သည် လက်ရှိအချိန်တွင် ဒပ်နှင့် ကွာရှင်းဖို့ လုပ်ဆောင်လျက်ရှိပြီး မက်ခ်သည် ဇနီးဖြစ်သူ မင်းသမီး တလူလာရိုင်လီ နှင့် ကွာရှင်းဖို့လုပ်ဆောင်လျက်ရှိသည်။ ဘီလျံနာ အီလွန်အတွက် ကွာရှင်းမှုသည် ဒုတိယအကြိမ်ဖြစ်သည်။

ဟာ့ဒ်သည် မက်ခ် နှင့် သိကျွမ်းနေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သော်လည်း ပြီးခဲသည့်လများက ၎င်းတို့နှစ်ဦးသည် အချိန်များကို အတူကုန်ဆုံးခဲ့ကြကြောင်း TMZ သတင်းဌာနက ပြောကြားသည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်က ဟာ့ဒ်သည်  လော့စ်အိန်ဂျလိစ်မြို့ရှိ မက်ခ်၏နေအိမ်တွင် ညစာစားခဲ့ကြောင်း နှင့် မကြာသေးမီက လော့စ်အိန်ဂျလိစ်ရှိ မက်ခ်၏ရုံးခန်းတွင် မက်ခ်နှင့်အတူ ရှိနေခဲ့ကြောင်း  TMZ သတင်းဌာနက ပြောကြားသည်။

တောင်အဖရိကနွယ်ဖွား မက်ခ်သည် Telsa Motors ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁၂ဒသမ၇ ဘီလျံကြွယ်ဝသည်။မက်ခ်သည် ၂၀၁၀ ခုနှစ်က ရိုင်လီနှင့် လက်ထပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်က ကွာရှင်းခဲ့သည်။ ယင်းနောက် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ရိုင်လီနှင့် ပြန်ပေါင်းထုပ်ခဲ့သော်လည်း ယခုနှစ်မတ်လက ဒုတိယအကြိမ်မြောက် ကွာရှင်းရန် တရားရုံးတွင် လျှောက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly