ကိုးနှစ်ကြာ အိမ်ထောင်သက်တမ်းကို အဆုံးသတ်တော့မယ့် ဂျေမော်နဲ့ နစ်ကီကော့ဇ် တို့ ဇနီးမောင်နှံ

ကိုးနှစ်ကြာ အိမ်ထောင်သက်တမ်းကို အဆုံးသတ်တော့မယ့် ဂျေမော်နဲ့ နစ်ကီကော့ဇ် တို့ ဇနီးမောင်နှံ

ဟောလိဝုဒ်မင်းသား ဂျေမော်နှင့် နစ်ကီကော့ဇ်တို့ ဇနီးမောင်နှံသည် ကိုးနှစ်ကြာ အိမ်ထောင် သက်တမ်းကို အဆုံးသတ်တော့မည်ဖြစ်ကြောင်းနှင့် မင်းသားဂျေမော်က ဇနီးဖြစ်သူ နစ်ကီကော့ဇ်နှင့် ကွာရှင်းပေးရန် တရားရုံးတွင် ကွာရှင်းခွင့်တင်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

PEOPLE မဂ္ဂဇင်းက ရရှိထားသော စာရွက်စာတမ်းများတွင် မင်းသား ဂျေမော်က ညှိနှိုင်း၍ မရသော အကြောင်းအရာများရှိကြောင်း ပြောကြားထားသည်ကို တွေ့ရသည်။

ဂျေမော်နှင့် နစ်ကီကော့ဇ်တို့ နှစ်ဦးသည် ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က လက်ထပ်ခဲ့ကြပြီး ငါးနှစ်အရွယ် မီရီဒစ်ဒန်နီရဲလ်အမည်ရှိ သားတစ်ဦး ထွန်းကားခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဂျေမော်သည် “Happy . And a Lot” တေးအယ်လ်ဘမ်ကို ထွက်ရှိခဲ့ပြီး featuring  ကို ဇနီးဖြစ်သူ နစ်ကီကော့ဇ်က ရေးသားခဲ့သည်။

အသက် ၃၈ နှစ်အရွယ်ရှိ ကော့ဇ်နှင့် အသက် ၄၅ နှစ်အရွယ်ရှိ ဂျေမော်တို့သည် ၂၀၀၄ ခုနှစ် က NBC ဒရမ်မာဇာတ်ကား “Las Vegas” တွင် ပါဝင်သရုပ်ဆောင်ရာမှ သိကျွမ်းခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားတွင် ဂျေမော်သည် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ ၎င်းတိုွှနှစ်ဦးသည် ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလက စေ့စပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly