တစ်ကိုယ်တော်အဆိုတော်အဖြစ် စတင်သွားတော့မယ့် One Direction အဖွဲ့ဝင်ဟောင်း Liam Payne

တစ်ကိုယ်တော်အဆိုတော်အဖြစ် စတင်သွားတော့မယ့် One Direction အဖွဲ့ဝင်ဟောင်း Liam Payne

One Direction အဖွဲ့ဝင်ဟောင်း Liam Payne က Capitol Records တေးသံသွင်းကုမ္ပဏီနှင့် တစ်ကိုယ်တော်အဆိုတော်အဖြစ် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ကြေညာခဲ့ခြင်းကြောင့် One Direction အဖွဲ့၏ အနာဂတ်နှင့် စပ်လျဉ်း၍ ပရိတ်သတ်များကို စိုးရိမ်မှုများ နောက်တစ်ကြိမ် ထပ်မံဖြစ်ပေါ်စေ ခဲ့သည်။

အဖွဲ့ဝင်ဟောင်း ဇေယန်မားလစ်ခ်ပြီးနောက် Liam သည် တစ်ကိုယ်တော် အဆိုတော်အဖြစ် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ဟယ်ရီစတိုင်လ်သည် ယခုနှစ်အစောပိုင်းက တစ်ကိုယ်တော်အဆိုတော် အဖြစ် ရပ်တည်သွားရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ကြေညာခဲ့သည်။

“Captiol Records UK လိုမျိုး နာမည်ကြီးကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုရတာ ကျွန်တော်အရမ်းကို ပျော်ရွှင်မိပါတယ်။ Capitol Records ဟာ ထူးခြားတဲ့သမိုင်းကြောင်းရှိတယ်။ ကျွန်တော် သူတို့ရဲ့ အစိတ်ပိုင်းတစ်ခု ဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဟု Liam က ပြောကြားခဲ့သည်။

“Capitol Records UK အနေနဲ့ Liam နဲ့ အလုပ်လုပ်ရမယ်ဆိုတဲ့အတွက် အရမ်းကို စိတ်လှုပ် ရှားမိပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ရပြီးသား ဒီလိုအရည်ချင်းရှိတဲ့ အဆိုတော်တစ်ယောက်နဲ့ စာချုပ်ချုပ်ဖို့ အခွင့်ရေးရဖို့ဆိုတာ တစ်ခါတစ်ရံ မလွယ်ကူပါဘူး” ဟု Cpitol Records UK ဥက္ကဌ နစ်ခ်ရပ်ဟီလ်က ပြောကြားခဲ့သည်။

“ကျွန်တော် Capitol Records UK ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခွင့်ရတဲ့အတွက် အရမ်းကို ပျော်ရွှင် မိပါတယ်။ ကုမ္ပဏီဟာ အနုပညာရှင်တွေနဲ့ အံ့သြဖွယ်ကောင်းလောက်တဲ့ သမိုင်းကြောင်းရှိတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ကျွန်တော် လိုက်ပါလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။  One Direction အဖွဲ့ဟာ အမြဲတမ်း ကျွန်တော့်ရဲ့အိမ် ကျွန်တော်ရဲ့ မိသားစုဖြစ်နေမှာပါ။ ဒါပေမဲ့ ကျွန်တော် တစ်ကိုယ်တော်အဆိုတော်အဖြစ် လုပ်ဆောင်ဖို့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်” ဟု Liam က တွစ်တာတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags