နိစ်မြို့ တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသူများနဲ့ ကျန်ရစ်သူ မိသားစုဝင်များကို ငွေကြေးများ လှူဒါန်းသွားမယ့် လီယိုနာဒို

နိစ်မြို့ တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသူများနဲ့ ကျန်ရစ်သူ မိသားစုဝင်များကို ငွေကြေးများ လှူဒါန်းသွားမယ့် လီယိုနာဒို

ဟောလိဝုဒ်အကျော်အမော် လီယိုနာဒို ဒီကာပီရိုသည် ၎င်း၏ ချို့တဲ့သူများ ကူညီရေးအဖွဲ့ ပျော်ပွဲရွှင်ပွဲမှ ရရှိသော စတာလင်ပေါင် ၃၄ ဒသမ ၁ သန်းအနက် ငွေကြေးအချို့ကို ပြင်သစ်နိုင်ငံ နိစ်မြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရှိသူများနှင့် ကျန်ရစ်သူမိသားစုဝင်များအတွက် လှူဒါန်းသွားမည် ဖြစ်သည်။

လီယိုနာဒို ဒီကာပီရိုသည် ဇူလိုင် ၂၀ ရက်က ဆန်ထိုပီမြို့တွင် ၎င်း၏ ချို့တဲ့သူများ ကူညီရေး အဖွဲ့ ပျော်ပွဲရွှင်ပွဲကို စီစဉ်ကျင်းပခဲ့ပြီး ပျော်ပွဲရွှင်ပွဲတွင် ထိပ်တန်းဆုများကို လေလံတင်ရောင်းချခဲ့သည်။

ရရှိသော ငွေကြေးများအားလုံးကို ကမ္ဘာတစ်ဝန်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်မှုကို ဦးတည်လုပ်ဆောင်နေသော လီယိုနာဒို ဒီကာပီရိုဖောင်ဒေးရှင်း  (LDF) ကို လှူဒါန်းခဲ့ သော်လည်း ရရှိသောငွေကြေးများအနက် တစ်ချို့တစ်ဝက်ကို နိပ်စ်မြို့ တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာ ရရှိခဲ့သောသူများနှင့် ကျန်ရစ်သော မိသားစုဝင်များကို လှူဒါန်းသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ပြင်သစ်နိုင်ငံ နိစ်မြို့တွင် ပြင်သစ်နိုင်ငံအမျိုးသားနေ့Bastille Day အထိမ်းအမှတ်ပွဲတော် ကျင်းပမှုကို ကြည့်ရှုနေသော လူအုပ်ကြီးကို အရှိန်မြှင့်မောင်းလာသော ထရပ် ကားတစ်စီးက ဝင်တိုက်ခဲ့မှုကြောင့် လူ ၈၄ ဦး သေဆုံးခဲ့ရသည်။ ချို့တဲ့သူများ ကူညီရေး ပျော်ပွဲရွှင် ပွဲတွင် ကိတ်ဘလန်ချက်၊ စကားလက်ဂျိုဟန်ဆန်၊ တိုဘီမာဂူရီနှင့် ရောဘတ်ဒီနီရိုတို့ ပါဝင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly