Big Bang အဖွဲ့၏ Tokyo Dome ကမ္ဘာလှည့်ဖျော်ဖြေရေး တေးအယ်လ်ဘမ် ဂျပန်တေးဂီတဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

Big Bang အဖွဲ့၏ Tokyo Dome ကမ္ဘာလှည့်ဖျော်ဖြေရေး တေးအယ်လ်ဘမ် ဂျပန်တေးဂီတဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

ဆိုးလ်၊ ဇူလိုင် ၂၁ ။            ။ ကေ့ပေါ့ပ်အမျိုးသားအဆိုတော်အဖွဲ့  Big Bang အဖွဲ့၏ Tokyo Dome ကမ္ဘာလှည့်ဖျော်ဖြေရေး တေးအယ်လ်ဘမ်သည် ဂျပန်နိုင်ငံတေးဂီတဇယား  Oricon တွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း  YG အင်တာတိန်းမန့်က ဇူလိုင်၂၁ရက်တွင် ပြောကြားခဲ့သည်။

“ Bigbang World Tour 2015 – 2016 ( Made) in Japan” ကို ဇူလိုင် ၂၀ရက်က ထုတ်လွှင့်ခဲ့ကြောင်း နှင့် ယင်းအယ်လ်ဘမ်ထဲတွင် မိနစ် ၁၇၀ကြာ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှု ဖိုင်တစ်ခု နှင့်၈၆ မိနစ်ကြာ အစမ်းလေ့ကျင့်မှု နှင့် အဖွဲ့ဝင်များကို တွေ့ဆုံမေးမြန်းမှုများပါဝင်ခဲ့သည်။

 Big Bang အဖွဲ့သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာမှ ယခုနှစ် ဖေဖော်ဝါရီလအထိ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာလှည့်ဖျော်ဖြေရေး အစိတ်ပိုင်းတစ်ခုအဖြစ်   ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Tokyo Dome အားကစားကွင်းတွင် ဖျော်ဖြေပွဲများ ကျင်းပခဲ့သည်။

Big Bang အဖွဲ့သည် ၁၀နှစ်ပြည့်အထိမ်းအမှတ်နှစ်ပတ်လည် ဖျော်ဖြေပွဲ “ Bigbang10 The Concret : 0.To.10 in Japan”ကို ဇူလိုင် ၂၂ရက် မှ ၂၃ရက်အထိ အိုဆာကာမြို့ရှိ  Yanmar Stadium Nagi အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags