အဖွင့်ပြသစဉ် ကြည့်ရှုမှုစံချိန်ချိုးခဲ့တဲ့ “ Train to Busan” ရုပ်ရှင်ကား

အဖွင့်ပြသစဉ် ကြည့်ရှုမှုစံချိန်ချိုးခဲ့တဲ့ “ Train to Busan” ရုပ်ရှင်ကား

ဆိုးလ်၊ ဇူလိုင် ၂၁ ။              ။ ဖုတ်ကောင် (Zombie) များအကြောင်းကို ပုံဖော်ရိုက်ကူးထားသည့် “ Train to Busan” တောင်ကိုရီးယားရုပ်ရှင်ကားသည် ဇူလိုင် ၂၀က ထုတ်လွှင့်ပြသခဲ့ရာ လက်မှတ်စောရေ ၈၇၂၀၀၀စောင် စံချိန်တင်ရောင်းချခဲ့ရကြောင်း ကိုရီးယားရုပ်ရှင်ကောင်စီက ဇူလိုင် ၂၁ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ရုပ်ရှင်ကားသည် ပြီးခဲ့သည့်နှစ် ဧပြီလ ထုတ်လွှင့်ပြသခဲ့သည့် “ Captain America : Civil War” ရုပ်ရှင်ကား ရရှိခဲ့သည့် သရဖူကို ရယူခဲ့ပြီဖြစ်ကြောင်း နှင့် “ Captain America : Civil War” ရုပ်ရှင်ကားသည် ကြည့်ရှုသူ ၇၂၉ ၀၀၀ ရှိခဲ့သည်။

“ Train to Busan” ရုပ်ရှင်ကားသည် ရုံတင်မပြမီအထူးပွဲ အပါအဝင် ကြည်ရှုသူစုစုပေါင်းသည် ၁ဒသမ၄ သန်းရှိခဲ့သည်။ “ Train to Busan” ရုပ်ရှင်ကားသည် ဘူဆန်သို့သွားသော ရထားပေါ်တွင် ခရီးသည်များ ဖုတ်ကောင် ( Zombie)များနှင့် ရင်ဆိုင်ကြုံတွေ့ရပုံများကို ပုံဖော်ရိုက်ကူးထားသော ရုပ်ရှင်ဖြစ်သည်။

အဆိုပါရုပ်ရှင်ကားကို မေလက ကိန်းစ်ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သည့်အချိန်မှစ၍ ကမ္ဘာလုံးဆိုင်ရာ နှင့် ပြည်တွင်းတွင် အာရုံစိုက်မှုများ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly