ဘီလျံနာသူဌေးနဲ့ စေ့စပ်လိုက်တဲ့့ သြစတြေးလျ မော်ဒယ် မီရန်ဒါကာ

ဘီလျံနာသူဌေးနဲ့ စေ့စပ်လိုက်တဲ့့ သြစတြေးလျ မော်ဒယ် မီရန်ဒါကာ

နယူးယော့ခ်၊ ဇူလိုင် ၂၁ ။             ။ သြစေတြးလျ မော်ဒယ် မီရန်ဒါကာသည် ၎င်း၏ချစ်သူဖြစ်သူ လူမှုရေးမီဒီယာ  Snapchat ကို တည်ထောင်သူ ဘီလျံနာသူဌေး အဲဗန်စပီဂဲလ် နှင့်   စေ့စပ်လိုက်ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၃၃ နှစ်အရွယ်ရှိ သြစတြေးလျ မော်ဒယ် မီရန်ဒါကာက ယခုစေ့စပ်ထားသူ အဲဗန်စပီဂဲလ်သည် ၎င်းအားလက်ထပ်ခွင့်တောင်းခဲ့ကြောင်း  ဇူလိုင် ၂၀ရက်က ၎င်း၏ အင်စတာဂရမ် အကောင့်တွင်   ရေးသားခဲ့သည်။ စေ့စပ်လက်စွပ် ဝတ်ထားသော ကာ၏လက်ကို ရိုက်ယူထားသည့် အဖြူအမည်းဓာတ်ပုံတွင်  ကာတွန်းပုံလေးများထည့်သွင်းထားသည့် ဓာတ်ပုံကိုလည်း အင်စတာဂရမ်တွင် တင်ခဲ့သည်။

ကာ နှင့် အသက် ၂၅ နှစ်အရွယ် စပီဂဲလ်သည် ၂၀၁၅ ခုနှစ်က နယူးယော့ခ်မြို့တွင် ပြုလုပ်သော Louis Vuitton ညစာစားပွဲတွင် ရင်းနှီးသိကျွမ်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လက စတင်တွဲခဲ့ကြခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက အကြိုဂရမ်မီဆုပေးပွဲတွင်  ၎င်းတို့နှစ်ဦး ကော်ဇောနီပေါ် ပွဲဦးထွက် တတ်ရောက်ခဲ့ကြသည်။

အသက် ၂၅ နှစ်အရွယ်ရှိ စပီဂဲလ်သည် လွန်ခဲ့သည့် လေးနှစ်က  Snapchat လူမှုရေးမီဒီယာကို ပူးတွဲ တည်ထောင်ခဲ့ပြီးနောက် ကမ္ဘာ့အသက်ငယ်ဆုံးဘီလျံနာတစ်ဦးဖြစ်လာပြီး နည်းပညာဆရာတစ်ဦးဖြစ်လာသည်။

ကာသည် ယခင်က သရုပ်ဆောင်မင်းသား အော်လန်ဒိုဘလွန်း နှင့် လက်ထပ်ခဲ့ပြီး ငါးနှစ်အရွယ် သားတစ်ဦး ထွန်းကားခဲ့သည်။ကာသည် အော်လန်ဒိုဘလွန်း နှင့် ၂၀၁၀ ခုနှစ် ဇွန်လက   စေ့စပ်ခဲ့ပြီးနောက်  သုံးနှစ်ခွဲအကြာ ၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် ကွာရှင်းပြတ်စဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly