တောင်တက် အားကစားသမား(၃)ဦးအား အစိုးရ ဂုဏ်ပြု

တောင်တက် အားကစားသမား(၃)ဦးအား အစိုးရ ဂုဏ်ပြု
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၂၀၊ ၂၀၁၆ခုနှစ်)။                      ။ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တော်ထိပ်သို့တက်ရောက်ကာ မြန်မာနိုင်ငံအလံ စိုက်ထူနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် တောင်တက်အားကစားသမား (၃)ဦးအား ဂုဏ်ပြုသည့်အနေဖြင့် အစိုးရက ဂုဏ်ပြုချီးမြင့်ပွဲအခမ်းအနားတစ်ခု ဇူလိုင် ၂၀ရက်တွင် ပြုလုပ်ခဲ့သည်။

တောင်တက်အားကစားသမား(၃)ဦးအား ဂုဏ်ပြုချီးမြင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးတက်ရောက်ကာ ကစားသမားတစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းစီ ချီးမြင့်ခဲ့သည်။

"အတွေ့အကြုံကောင်းများကို မျိုးဆက်သစ်လူငယ်မောင်မယ်များကို လက်တွဲခေါ်ဖို့ အထူးသဖြင့် တိုက်တွန်းလိုပါတယ်။ 'တောင်ကြီး ဖဝါးအောက်' ဆိုသည့်အတိုင်း ဇွဲ၊ လုံ့လ၊ ဝိရိယမလျှော့ဘဲ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါ" ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

တောင်တက်အားကစားသမားများဖြစ်ကြသော ကိုဝင်းကိုကို၊ ကိုပြည့်ဖြိုးအောင်နှင့် ကိုညီညီအောင်တို့သုံးဦးသည် ဟိမဝန္တာတောင်တန်းတွင် တည်ရှိသော အမြင့်ပေ(၂၉၀၀၀)ကျော်ရှိ ကမ္ဘာ့အမြင့်ဆုံး ဧရာဝရတ်တောင်ထိပ်သို့ ၂၀၁၆ခုနှစ်၊ မေလ(၁၉)ရက်တွင် အောင်မြင်စွာတက်ရောက်နိုင်ကာ တောင်ထိပ်တွင် မြန်မာနိုင်ငံအလံအား စိုက်ထူခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly