တောင်ကိုရီးယား မင်းသမီး Claudia Kim ဟောလိ၀ုဒ် ဇာတ်ကားတွင် ပါ၀င် သရုပ်ဆောင်သွားမည်

တောင်ကိုရီးယား မင်းသမီး Claudia Kim ဟောလိ၀ုဒ် ဇာတ်ကားတွင် ပါ၀င် သရုပ်ဆောင်သွားမည်

ဆိုးလ်၊ ဇူလိုင် ၁၆ ။          ။ တောင်ကိုရီးယား မင်းသမီး Claudia Kim သည် စတီဖင်ကင်း၏ အခန်းဆက်ဝတ္ထူများကို အခြေခံထားသော “The Dark Tower” ရုပ်ရှင်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ ECHO Global Group က ဇူလိုင် ၁၅ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

Claudia Kim သည် ဟောလိဝုဒ်မင်းသားများဖြစ်သော မက်သရူးမက်စ်ကာနာဟေးနှင့် အစ်ဒရက်အဲလ်ဘာတို့နှင့်အတူ ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် Kim သည်  Arra Champignon အဖြစ် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း အေဂျင်စီက ပြောကြားသည်။ Kim ၏ ဇာတ်ကောင်စရိုက်သည် ထူးခြားသော အမျိုးသမီး ဇာတ်ကောင်စရိုက်များအနက် တစ်ခုအပါအဝင် ဖြစ်သည်။

စိတ်ကူးယဉ်ရုပ်ရှင်ကား “The Dark Tower” သည် နောက်ဆုံးကျန်ရှိသည့် သေနတ်ကို ကျွမ်းကျွမ်းကျင်ကျင် ပစ်တတ်သော သေနတ်သမား ရိုလန်အကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ် ပြီး ရိုလန်၏ အစီစဉ်သည် ပျက်စီးနေသောကမ္ဘာကို ကယ်တင်ရန် အနက်ရောင်မျှော်စင်ကို ရှာဖွေရေးသည်။

Claudia Kim ၏ဇာတ်ကောင်စရိုက် နှင့် ဇာတ်လမ်းအသေးစိတ်ကို မကြာမီ ထုတ်ဖော်ပြော ကြားသွားမည်ဖြစ်သည်။ ယခုနှစ်အစပိုင်းတွင် ရုပ်ရှင်ရိုက်ကူးမှုကို စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါ ရီလ ၁၇ ရက်တွင် ပွဲဦးထွက် ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly