ဒရေ့ခ်၏ “One Dance” တေးသီချင်း ဗြိတိန် တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ၁၄ ပတ်ကြာ ထိပ်ဆုံးမှ ရပ်တည်

ဒရေ့ခ်၏ “One Dance” တေးသီချင်း ဗြိတိန် တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ၁၄ ပတ်ကြာ ထိပ်ဆုံးမှ ရပ်တည်

နယူးယော့ခ် ၊ ဇူလိုင် ၁၅ ။          ။ ကနေဒါ ရက်ပ်ပါဒရေ့ခ်၏ “One Dance” တေးသီချင်းသည် ဗြိတိန် တစ်ကိုယ်တော် တေးသီ ချင်းဇယားတွင် သီတင်းပတ် ၁၄ ပတ်ကြာ ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“One Dance” တေးသီချင်းသည် ဧပြီ ၈ ရက်က ဇယားတွင် နံပါတ် ၂၁ နေရာ၌ ပွဲဦးထွက်ရပ် တည်နေသော်လည်း တစ်ပတ်ကြာပြီးနောက် ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့သည်။ ယခုအခါ ဒရေ့ခ် သည် ဗြိတိန်တစ်ကိုယ်တော် တေးသီချင်းဇယားတွင် နံပါတ်တစ်နေရာကို ကာလရှည် ကြီးစိုးထားမှု စံချိန်ကို ချိုးဖျက်ရန် သီတင်းပတ် နှစ်ပတ်လိုသေးသည်။

လက်ရှိအချိန်တွင် နံပါတ်တစ်နေရာကို ကာလရှည် ကြီးစိုးထားမှုစံချိန်ကို ဘရွိုင်ရယ်အဒမ်က ရယူထားကြောင်းနှင့် ဘရွိုင်ရယ်အဒမ်၏ တေးသီချင်း “( Everything I Do) I DO It For You” တေးသီချင်းသည် ၁၉၉၁ ခုနှစ်က နံပါတ်တစ်နေရာတွင် သီတင်းပတ် ၁၆ ပတ်ကြာ ရပ်တည်ခဲ့သည်။

ဒရေ့ခ်သည် ယခုသီတင်းပတ်က အဆင့်များ မြှင့်တက်လာသော ပြိုင်ဘက်နှစ်ဦးနှင့် ရင်ဆိုင် နေရသည်။ ချိန်းစမုတ်ကာ၏ ”Don’t Let Me Down” တေးသီချင်းသည် နံပါတ် ၇ နေရာမှ နံပါတ် ၂ နေရာသို့ ရောက်ရှိခဲ့ပြီး အဆင့်ငါးဆင့် မြှင့်တက်ခဲ့ကြောင်းနှင့် ဂျိုနက်စ်ဘလူး၏ “Perfect Strangers” တေးသီချင်းသည် နံပါတ် ၁၃ နေရာမှ နံပါတ် ၃ နေရာသို့ ရောက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags