လေးနှစ်ကြာ အိမ်ထောင်သက်တမ်းကို အဆုံးသတ်တော့မည်ဟု ကြေညာပြီး သုံးလအကြာ ကွာရှင်းခွင့် တင်ခဲ့တဲ့ ဒရူးဘယ်ရီမိုး

လေးနှစ်ကြာ အိမ်ထောင်သက်တမ်းကို အဆုံးသတ်တော့မည်ဟု ကြေညာပြီး သုံးလအကြာ ကွာရှင်းခွင့် တင်ခဲ့တဲ့ ဒရူးဘယ်ရီမိုး

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁၆ ။              ။ ဟောလိဝုဒ် မင်းသမီးတစ်ဦးဖြစ်ပြီး ထုတ်လုပ်သူတစ်ဦးဖြစ်သူ ဒရူးဘယ်ရီမိုးသည် ခင်ပွန်းဖြစ် သူ ဝေးလ်ကိုပဲလ်မန်နှင့် ကွာရှင်းရန် ဇူလိုင် ၁၅ ရက်က နယူးယော့ခ်မြို့ရှိ မက်ဟန်တန် တရားရုံး တွင် စာရွက်စာတမ်းများ တင်ခဲ့ကြောင်း  NY Daily News တွင် ဖော်ပြထားသည်။

ဒရူးဘယ်ရီမိုးနှင့် ဝေးလ်ကိုပဲလ်မန်တို့ ဇနီးမောင်နှံသည် လေးနှစ်ကြာ အိမ်ထောင်သက်တမ်း ကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း ဧပြီလက ကြေညာခဲ့သည်။ ဘယ်ရီမိုးနှင့် အနုပညာအတိုင်ပင်ခံ ကိုပဲလ်မန်တို့ဇနီးမောင်နှံတွင် အသက် သုံးနှစ်အရွယ် အိုလစ် နှင့် အသက် နှစ်နှစ်အရွယ် ဖရန်ကီ သမီးနှစ်ဦး ထွန်းကားခဲ့သည်။

ဒရူးဘယ်ရီမိုးတို့နှစ်ဦးသည် ၂၀၁၂ ခုနှစ် ဇွန်လက လက်ထပ်ခဲ့ကြကြောင်းနှင့် လက်ထပ်မှု သည် အသက် ၄၁ နှစ်အရွယ် ဒရူးဘယ်ရီမိုးအတွက် တတိယအကြိမ်ဖြစ်ပြီး  အသက် ၃၉ နှစ်အရွယ် ကိုပဲလ်မန်အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

 ဒရူးဘယ်ရီမိုးတို့ ဇနီးမောင်နှံသည် ကွာရှင်းပြတ်စဲတော့မည်ဟု ကြေညာခဲ့သည့်အချိန်က သမီးနှစ်ယောက်သည် ၎င်းတို့၏ ပထမဦးစားပေးဖြစ်ပြီး မိသားစုအဖြစ် ဆက်လက်ရှိနေမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ဘယ်ရီမိုးသည် talk show အစီစဉ်တွင် အစီစဉ်မှူးအဖြစ် ပြန်လည်ဆောင်ရွက်ရန် ပြင်ဆင်နေ ကြောင်းနှင့် လွန်ခဲ့သည့် နှစ်ပတ်က ဘယ်ရီမိုးသည် Warner Bros ရုပ်မြင်သံကြားနှင့် အဲလန်ဒီဂျီနီ ရက်စ်၏ ထုတ်လုပ်ရေးကုမ္ပဏီတို့နှင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း Variety တွင် ဖော်ပြထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly