အာဇာနည်နေ ့တွင် ပျဉ်းမနားရှိ ဗိုလ်ချုပ်ကြေးရုပ်၌ ဦးမင်းကိုနိုင်ဟောပြောမည်

အာဇာနည်နေ ့တွင် ပျဉ်းမနားရှိ ဗိုလ်ချုပ်ကြေးရုပ်၌ ဦးမင်းကိုနိုင်ဟောပြောမည်

နေပြည်တော်၊ ဇူလိုင် ၁၆ ။                ။ နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်ရှစ်မြို့နယ်အနက် တစ်ခုတည်းသော ဗိုလ်ချုပ်ကြေးရုပ်ဖြစ်သည့် ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန် ရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် ဦးမင်းကိုနိုင် နှင့် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) တို့နှစ်ဦးက ဇူလိုင်လ ၁၉ ရက်နေ့ညနေ ၆ နာရီတွင် ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

 “ မနက် ၈ နာရီကို ဗိုလ်ချုပ်ကြေးရုပ် ပြုပြင်မွမ်းမံပြီးစီးတာ ဖွင့်ပွဲလုပ်မယ် ၊ ၁၀း၃၇ မိနစ်မှာ ဂါရ၀ ပြုဖို့ ပြည်သူတွေ ကျောင်းသားတွေလည်း ဗိုလ်ချုပ်ကြေးရုပ်ကို ချီတက်မယ် ၊ NLD နဲ့ USDP ပါတီကလည်းချီတက်မယ် အားလုံးခွင့်ပြုချက်ရပြီးသွားပါပြီ။ ညနေပိုင်းမှာ ဦးမင်းကိုနိုင် နဲ့ မောင်စိန်ဝင်း (ပုတီးကုန်း ) တို့ဗိုလ်ချုပ်ကြေးရုပ်မှာ ဟောပြောမယ် ” ဟု ပျဉ်းမနား မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင် ကပြောသည်။

 ပျဉ်းမနားမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို မြို့သူမြို့သားများ၏ လှူဒါန်းငွေဖြင့်သာ ပြန်လည်ပြုပြင် မွမ်းမံပြင်ဆင်ခဲ့ခြင်းဖြစ်ကာ စုစုပေါင်းကုန်ကျငွေ ငွေကျပ်သိန်းတစ်ရာနှစ်ဆယ်ကျော်ခန့် ရှိကြောင်း   ပြန်လည်ပြုပြင်မွမ်းမံရေး ကော်မတီထံမှ သိရှိရ သည်။

 အာဇာနည်နေ့တွင် ပျဉ်းမနားမြို့၌ ယခင်နှစ်များက ကျင်းပခြင်းခဲ့ခြင်းမရှိခဲ့သည့် စာပေဟောပြောပွဲ ၊ ကျပန်းစကားပြောပြိုင်ပွဲ နှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ပျဉ်းမနားမြို့ရှိ မြို့နယ်ပညာရေးမှူးရုံး ၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ နေပြည်တော် YMCA နှင့် ဒေါ်ခင်ကြည်ဖာင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက် (နေပြည်တော်) တို့က ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။

 ပျဉ်းမနားမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်သို့ အာဇာနည်နေ့တွင် လမ်းလျှောက်ချီတက်ရန် ယခင်အစိုးရလက်ထက်များက ခွင့်ပြု မိန့်တောင်းခံခဲ့ခြင်းများရှိသော်လည်း ခွင့်မပြုခဲ့ခြင်း ၊ ဗိုလ်ချုပ်ကြေးရုပ်တွင် ထွန်းထားသည့် လျှပ်စစ်မီးသီးကျွှန်းနေသည့် အပေါ် ပြည်သူများမှ လဲလှယ်မည်ဆိုသော်လည်း အာဏာပိုင်တို့က ခွင့်ပြုခြင်း မရှိခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly