ပြင်သစ် အမျိုးသားနေ့ ပွဲတော်ကျင်းပနေသည့် လူအုပ်ကြီးကို အကြမ်းဖက် တိုက်ခိုက် မှုကြောင့် ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့တဲ့ ရီဟားနား

ပြင်သစ် အမျိုးသားနေ့ ပွဲတော်ကျင်းပနေသည့် လူအုပ်ကြီးကို အကြမ်းဖက် တိုက်ခိုက် မှုကြောင့် ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့တဲ့ ရီဟားနား

နယူးယော့ခ်၊ ဇူလိုင် ၁၅ ။         ။ ကမ္ဘာကျော်အဆိုတော် ရီဟားနားသည် ပြင်သစ်အမျိုးသားနေ့ Bastille Day အထိမ်းအမှတ်ပွဲကို အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပြင်သစ်နိုင်ငံ နိစ်မြို့တွင် ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့ကြောင်းနှင့် တိုက်ခိုက်မှုတွင် ၈၄ ဦးထက်မနည်း သေဆုံးခဲ့သည်။

ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ကြောင့် ပေါ့ပ်ကြယ်ပွင့် ရီဟားနားသည် နိစ်မြို့ Allianz အားက စားကွင်း၌ ဇူလိုင် ၁၅ ရက်ညတွင် ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲ အစီစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ အနုပညာရှင်များက အကြမ်းဖက်တိုက်ခိုက်ခံရသည့် သတင်းကို ကြားသိရသည့်အခါ အံ့သြတုန်လှုပ်ခဲ့ကြောင်း ပြောကြားခဲ့ကြသည်။

ရီဟားနားသည် အကြမ်းဖက်မှု ဖြစ်ပွားသည့်အချိန်က နိစ်မြို့တွင် ရှိနေခဲ့ပြီး ဘေးအန္တရာယ် ကင်းရှင်းကြောင်း ၎င်း၏ ကိုယ်စားလှယ်က ပြောကြားသည်။ ရီဟားနားသည် လက်ရှိအချိန်တွင် ၎င်း၏ “Anti” ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် ဥရောပတွင် ဖျော်ဖြေပွဲများ လုပ်ဆောင်လျက်ရှိသည်။

ဇူလိုင် ၁၄ ရက်ညနေက  နိစ်မြို့တွင် ပြင်သစ်အမျိုးသားနေ့ Bastille Day အထိမ်းအမှတ်ပွဲကို ကျင်းပနေစဉ် လူအုပ်ကြီးကို အရှိန်မြင့်မောင်းနှင်းလာသည့် ထရပ်ကားတစ်စီးက ဝင်တိုက်ခဲ့ရာ ၈၄ ဦး ထက်မနည်း သေဆုံးခဲ့သည်။ ထရပ်ကားမောင်းသူကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly