“Game of Thrones” နှင့် “The People v OJ Simpson” ဇာတ်ကားတို့ Emmy ဆု ဆန်ခါတင်စာရင်းတွင် ဦးဆောင်နေ

“Game of Thrones” နှင့် “The People v OJ Simpson” ဇာတ်ကားတို့ Emmy ဆု ဆန်ခါတင်စာရင်းတွင် ဦးဆောင်နေ

နယူးယော့ခ်၊ ဇူလိုင် ၁၅ ။          ။ စိတ်ကူးယဉ် ဒရမ်မာဇာတ်ကား “Game of Thrones” ဇာတ်ကားသည် Emmy ဆု ဆန်ခါ တင်စာရင်းတွင် ဆု ၂၃ ဆု လက်ခံရရှိထားဖပြီး ပြိုင်ဘက်ဇာတ်ကား ရာဇဝတ်မှုဇာတ်လမ်းတွဲ “The People v OJ Simpson” ထက် ဆုတစ်ခု ပိုများနေသည်။

“Sherlock”၊ “Luther” နှင့် “Downton Abbey” ဇာတ်ကားများအပါအဝင် ဗြိတိန်ဇာတ်ကား များသည်လည်း ဆန်ခါတင်စာရင်းတွေ ပါဝင်ခဲ့ကြောင်း ဆုပေးပွဲတွင် ဂျိမ်းစ်ကော်ဒန်နှင့် ဂျွန်အိုလစ်ဗာ တို့က အစီစဉ်မှူးအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

သရုပ်ဆောင်မင်းသမီး ဗီအိုလာဒေးဗစ်သည် “How To Get Away With Murder” ဇာတ်ကား ဖြင့် နောက်ထပ်တစ်ကြိမ် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။ ဗီအိုလာဒေးဗစ်သည် ၂၀၁၅ ခုနှစ်က အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆုကို ရရှိသည့် ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်သည်။

“Game of Thrones” ဇာတ်ကားအတွက် ဆုများတွင် ပြီးခဲ့သည့်နှစ်၏ ဆုရှင်များဖြစ်သော ပီတာဒင်ကလက်၊ ကဒ်ဟဲရင်တန်၊ လီနာဟက်ဒီ၊ အီမီအီလျံကလက်ခ်နှင့် မေဆီဝီလျံတို့က ဇာတ်ပို့ သရုပ်ဆောင်မင်းသားနှင့် မင်းသမီးဆု ဆန်ခါတင်စာရင်းတွင် ပါဝင်ပြီး ဒေးဗစ်ဘီနီအော့ဖ်နှင့် ဒီဘီဝီစစ် တို့က စာရေးဆရာဆု ဆန်ခါတင်စာရင်းတွင် ပါဝင်နေသည်။

“The People v OJ Simpson” ဇာတ်ကား၏ ခေါင်းဆောင်မင်းသားများဖြစ်သော ကော့နေးဘီ ဗက်စ်၊ ကျူဘာဂွတ်ဒင်းဂျူနီယာတို့သည် ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင်မင်းသား သရုပ်ဆောင်ဆုအတွက် နာမည်စာရင်း တင်သွင်းခံထားရသည်။

Emmy Awards  ဆုပေးပွဲကို လော့စ်အိန်ဂျလိစ်မြို့၌ စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly