အီတလီနိုင်ငံ ဗီးနစ်မြို့ရှိ အိမ်ကြီးကို ရောင်းချတော့မယ့် ဂျွန်နီဒပ်

အီတလီနိုင်ငံ ဗီးနစ်မြို့ရှိ အိမ်ကြီးကို ရောင်းချတော့မယ့် ဂျွန်နီဒပ်

နယူးယော့ခ်၊ ဇူလိုင် ၁၅ ။         ။ ကမ္ဘာကျော်သရုပ်ဆောင် ဂျွန်နီဒပ်သည် အီတလီနိုင်ငံ ဗီးနစ်မြို့ရှိ အထပ်လေးထပ်ပါရှိသော အိမ်ကြီးကို အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉ သန်းဖြင့် ရောင်းချတော့မည်ဖြစ်ကြောင်း  Affari Italiani  အီတလီ သတင်းစာက ဖော်ပြထားသည်။

အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်းကိုးခန်းပါဝင်သော အဆိုပါ အိမ်ကြီးကို ယခင်က Venetian သဘောၤဆောက်လုပ်ရေး မိသားစုမှ ပိုင်ဆိုင်ပြီး ဂျွန်နီဒပ်သည် ၂၀၁၁ ခုနှစ်က ခန့်မှန်းခြေ အမေရိ ကန်ဒေါ်လာ ၁၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဂျွန်နီဒပ်သည် အရှုံးခံရောင်းချခဲ့ခြင်း ဖြစ်သည်။

ဂျွန်နီဒပ်သည်  ၂၀၁၀ ခုနှစ်က အိန်ဂျလီနာဂျိုလီ နှင့် “ The Tourist” ဇာတ်ကားကို ရိုက်ကူး စဉ်က ဗီးနစ်မြို့ကို သဘောကျ နှစ်သက်မိကြောင်း ပြောကြားခဲ့ပြီး ဇန်နဝါရီလ နောက်ပိုင်းတွင် ယင်းအိမ်ကြီးကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း New York သတင်းစာတွင် ဖော်ပြထားသည်။

ဂျွန်နီဒပ်၏ ပိုင်ဆိုင်မှုများတွင် ဟာဝါရီ၊ ဆိုမီရက်စ်နှင့် အနောက် ဟောလီးဝုဒ်ရှိ နေအိမ်များ၊ ဘဟာမက်စ်နိုင်ငံရှိ ၄၅ ဧကအကျယ်ရှိသော ကျွန်းတစ်ကျွန်းတို့ ပါဝင်သည်။

ဂျွန်နီဒပ်သည် ကွယ်လွန်သွားပြီဖြစ်သော အနုပညာရှင် ဂျင်မစ်ရှဲလ်ဘာစကီရာ၏ ပန်းချီကား နှစ်ချပ်ကို Christie’s လေလံကုမ္ပဏီတွင် အမေရိကန်ဒေါ်လာ ၁၁ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့ပြီး နောက် တစ်လမပြည့်ခင် အီတလီနိုင်ငံရှိ အိမ်ကြီးကို ရောင်းချသွားမည်ဟူသော သတင်းထွက်ပေါ် ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ရောင်းချခြင်းများ အားလုံးက ဂျွန်နီဒပ်သည် ဇနီးဖြစ်သူ အမ်မာဟာ့ဒ်နှင့် ကွာရှင်း ပြတ်စဲတော့မည်ဖြစ်သောကြောင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာတစ်ရပ်အတွက် ကြိုတင်ပြင် ဆင်ခြင်း ဖြစ်သည်ဟု ယူဆမိသည်။

ဇနီးဖြစ်သူ အမ်မာဟာ့ဒ်သည် ဂျွန်နီဒပ်ကို အိမ်တွင်း အကြမ်းဖက်မှုဖြင့် တိုင်တန်းခဲ့ပြီး တရားရုံးတွင် ကွာရှင်းခွင့် တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly