ဆူဇီ၏ ဖယောင်းရုပ်တုကို ဟောင်ကောင်ရှိ Madame Tussauds ပြတိုက်တွင် ထားရှိသွားမည်

ဆူဇီ၏ ဖယောင်းရုပ်တုကို ဟောင်ကောင်ရှိ Madame Tussauds ပြတိုက်တွင် ထားရှိသွားမည်

ဆိုးလ်၊ ဇူလိုင် ၁၃ ။         ။ တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော် သရုပ်ဆောင်မင်းသမီး ဆူဇီ၏ ဖယောင်းရုပ်တုကို ဟောင်ကောင်ရှိ Madame Tussauds ပြတိုက်တွင် ထားရှိသွားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆူဇီသည် ဟောင်ကောင်ရှိ  Madame Tussauds ပြတိုက်တွင် ဖယောင်းရုပ်တု ထားရှိခံရ သည့် ပထမဆုံး ကိုရီးယား အမျိုးသမီး သရုပ်ဆောင်ဖြစ်လာသည်။

ကမ္ဘာ့နာမည်ကြီး ပြတိုက်သည် ဆူဇီ၏ ဖယောင်းရုပ်တုအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေ သည့် အကြောင်းအရာများပါဝင်သော ဗီဒီယိုဖိုင်ကို ထုတ်လွှင့်ပြသခဲ့ကြောင်းနှင့် ဆူဇီ၏ ဖယောင်းရုပ် တုကို သြဂုတ်လ အစောပိုင်းတွင် ပြတိုက်၌ ထားရှိပြသသွားရန် မျှော်မှန်းထားသည်။

ဖယောင်းရုပ်တု ပြုလုပ်ရန်အတွက် ဗြိတိန် ကျွမ်းကျင်ပညာရှင်များ၏ အကူညီဖြင့် ဆူဇီကို မျက်လုံးအတုနှင့် ဆံပင်များ ရွေးချယ်ခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်နှင့် မျက်နှာကိုလည်း တိုင်းတာမှုများ ပြုလုပ်ခဲ့သည်။

ဆူဇီသည် လက်ရှိအချိန်တွင် “Uncontrollably Fond” ဇာတ်လမ်းတွဲတွင် ရုပ်မြင်သံကြား ထုတ်လုပ်သူအဖြစ် ပါဝင် သရုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly