“The Return of Superman” အစီစဉ်ကို အမေရိကတွင် ပြန်လည် ဆန်းသစ် ရိုက်ကူးသွားမည်

“The Return of Superman” အစီစဉ်ကို အမေရိကတွင် ပြန်လည် ဆန်းသစ် ရိုက်ကူးသွားမည်

ဆိုးလ်၊ ဇူလိုင် ၁၃ ။            ။ တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော် အစီစဉ်တစ်ခုဖြစ်သည့် “ The Return of Superman” အစီစဉ်ကို အမေရိကန်ရုပ်မြင်သံကြား အစီစဉ်အဖြစ်   ပြန်လည်ဆန်းသစ် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန် ထုတ်လုပ်ရေးအဖွဲ့က “The Return of Superman” အစီစဉ်ကို ပြန်လည်ဆန်း သစ် ရိုက်ကူးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး အကြိုထုတ်လုပ်မှုများ စတင်လုပ်ဆောင် လျက် ရှိသည်။

အမေရိကန်တွင် ပြန်လည်ဆန်းသစ်ရိုက်ကူးမည့် အစီစဉ်ကို “ Breaking Dad” ဟု အမည်ပေး သွားမည်ဖြစ်ပြီး CSSPR ထုတ်လုပ်ရေးအဖွဲ့က ဦးဆောင်သွားမည် ဖြစ်သည်။ ရိုက်ကူးမှုကို နယူး ယော့ခ်မြို့နှင့် ကွန်နက်တီကက်ပြည်နယ်တို့၌ ဇူလိုင်လလယ်တွင် စတင် ရိုက်ကူးသွားမည် ဖြစ်သည်။

“Breaking Dad” အစီစဉ်ကို Discovery Life ၊ TLC နှင့် Family ရုပ်သံလိုင်းတို့မှ တစ်ဆင့် နိုဝင်ဘာလတွင် ထုတ်လွှင့်ပြသရန် စီစဉ်ထားသည်။

“The Return of Superman”ထုတ်လုပ်ရေးဒါရိုက်တာ  Kang Bong Kyu သည် ဇူလိုင် ၁၃ ရက်တွင် နယူးယော့ခ်မြို့သို့ သွားရောက်မည်ဖြစ်ပြီး ထုတ်လုပ်ရေးနှင့် စပ်လျဉ်း၍ အကြံပြုချက်များ   ပေးရန်အတွက် ၁၀ ရက်ခန့် နေထိုင်သွားမည် ဖြစ်သည်။

ကိုရီးယား ရုပ်သံအစီစဉ်ကို အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်ဆန်းသစ် ရိုက်ကူးကာ ထုတ်လွှင့်ပြသမှုသည် ပထမဆုံးအကြိမ် ဖြစ်သည်။ ယင်းအခွင့်အရေးမှ အောင်မြင်ကျော်ကြားသော ကိုရီးယားအစီစဉ်များကို ကမ္ဘာတစ်ဝှမ်းတွင် တိုးချဲ့လုပ်ဆောင်နိုင်မည်ဟု အများစုက မျှော်မှန်းထားကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly