“Train To Busan” ရုပ်ရှင်ကားသစ်တွင် ဖုတ်ကောင်များနဲ့ တိုက်ခိုက်မှုအခက်အခဲရှိဟု ဂွမ်ယို ပြော

“Train To Busan” ရုပ်ရှင်ကားသစ်တွင် ဖုတ်ကောင်များနဲ့ တိုက်ခိုက်မှုအခက်အခဲရှိဟု ဂွမ်ယို ပြော

ဆိုးလ်၊ ဇူလိုင် ၁၃ ။           ။ တောင်ကိုရီးယား အမျိုးသား သရုပ်ဆောင် ဂွမ်ယိုသည်  ဖုတ်ကောင်များနှင့် တိုက်ခိုက်သော အက်ရှင် ရုပ်ရှင်ကား “Train To Busan” တွင် ပါဝင်သရုပ်ဆောင်ရာတွင် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။

“Train To Busan” ရုပ်ရှင်ကား သတင်းစာရှင်လင်းပွဲကို ဇူလိုင် ၁၂ ရက်က ဂွမ်ယို၊ ဂျောင်ယို မင်၊ အမ်ဆိုဟီး ၊ မဒေါင်ဆွတ်ခ် ၊ ချိုဝိုရှစ်ခ် ၊ ကင်အူဆောင်နှင့် ကင်ဆိုအမ်တို့ အပါအဝင် ရုပ်ရှင်ကား တွင် ပါဝင် သရုပ်ဆောင်မည့် အဖွဲ့ဝင်များနှင့်အတူ ကျင်းပ ပြုလုပ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ဂွမ်ယိုက “ဖုတ်ကောင်နဲ့ အက်ရှင်ရုပ်ရှင်ကားတွေဟာ လွယ်ကူ တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ကျွန်တော် ကြိုးစား ရုန်းကန်ခဲ့ရတယ်”ဟု ပြောကြားခဲ့သည်။

“ကျွန်တော် အက်ရှင်ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်ရတာ အရမ်းကို ရှုပ်ထွေးပါတယ်။ ဖုတ်ကောင်တွေဟာ အမြဲတမ်း လှုပ်ရှားနေတာကြောင့် သူတို့နဲ့ တိုက်ခိုက်နေတဲ့ အချိန်အတွင်းမှာ အခက်အခဲတွေ ရှိပါတယ် ”ဟု  ဂွမ်ယိုက ပြောကြားသည်။

“Train To Busan” ရုပ်ရှင်ကားသည် ကိုရီးယားနိုင်ငံ သဘာဝဘေးအန္တရာယ် ကျရောက်သည့် အချိန်က ဘူဆန်သို့ ခုတ်မောင်းနေသော ရထားပေါ်တွင်လိုက်ပါလာသည့် ခရီးသွားများ အသက်ရှင် ရန် ကြိုးပမ်းရပုံအကြောင်းကို ပုံဖော်ရိုက်ကူးထားသော ရုပ်ရှင်ကားဖြစ်သည်။ အဆိုပါ ရုပ်ရှင်ကားကို ဇူလိုင် ၂၀ ရက်တွင် ပွဲဦးထွက် ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly