စေ့စပ်ထားသည့် ချစ်သူ လီအမ်ဟမ်ဆော့၏ အကြိုက်ဆုံး အစားအစာကို တက်တူး ထိုးခဲ့တဲ့ မိုင်လေဆိုင်းရက်စ်

စေ့စပ်ထားသည့် ချစ်သူ လီအမ်ဟမ်ဆော့၏ အကြိုက်ဆုံး အစားအစာကို တက်တူး ထိုးခဲ့တဲ့ မိုင်လေဆိုင်းရက်စ်

နယူးယော့ခ်၊ ဇူလိုင် ၁၂ ။              ။ အမေရိကန်အဆိုတော် မိုင်လေဆိုင်းရက်စ်သည် ၎င်း၏ ချစ်သူ လီအမ်ဟမ်ဆော့၏ အကြိုက် ဆုံး သြစတြေးလျအစားအစာ Vegemite တံဆိပ် ပုလင်း အသေးစားပုံကို ၎င်း၏ ဘယ်ဘက် လက်မောင်းတွင် တက်တူးထိုးခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ရှိ မိုင်လေဆိုင်းရက်စ်သည် လော့စ်အိန်ဂျလိစ်အခြေစိုက် Shamrock Social ကလပ်၏ တက်တူးပညာရှင် ဒေါက်တာဝူနှင့်အတူ ၎င်း၏ ဘယ်ဘက်လက်မောင်းတွင် တက်တူး ထိုးခဲ့ခြင်းဖြစ်ပြီး သီတင်းပတ်ကုန်တွင် ဝူက ၎င်း၏ အင်စတာဂရမ်အကောင့်မှတစ်ဆင့် မိုင်လေးဆိုင်းရက်စ်၏ တက်တူးအသစ်ကို မျှဝေခဲ့ခြင်း ဖြစ်သည်။

၂၀၁၀ ခုနှစ်က လီအမ်ဟမ်ဆော့သည် ၎င်းပါဝင်သရုပ်ဆောင်ထားသော “The Last Song” ရုပ်ရှင်ကား အရောင်းမြှင့်တင်ရေး လုပ်နေစဉ် Vegemite သည် ၎င်း၏ အကြိုက်ဆုံး အစားအစာဖြစ် ကြောင်း ပြောကြားခဲ့သည်။

လီအမ်ဟမ်ဆော့နှင့် မိုင်လေဆိုင်းရက်စ်တို့ နှစ်ဦးသည် ဒီဇင်ဘာလက ၎င်းတို့နှစ်ဦး၏ ပြတ်လိုက်ဆက်လိုက် ဖြစ်နေသော ဆက်ဆံရေးကို ပြန်လည် ပေါင်းစည်းခဲ့သော်လည်း မတ်လ တွင်မှသာ ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို အတည်ပြု ပြောကြားခဲ့သည်။

လီအမ်ဟမ်ဆော့နှင့် မိုင်လေဆိုင်းရက်စ်တို့ နှစ်ဦးသည် ၂၀၀၉ ခုနှစ်က ရိုက်ကူးခဲ့သော “The Last Song” ရုပ်ရှင်ကားတွေ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် နွေရာသီကုန်တွင် သြစတြေးလျ ကမ်းခြေတွင် လက်ထပ်ပွဲ ကျင်းပသွားမည်ဟု ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly