တရုတ် ရုပ်မြင်သံကြား အစီစဉ်တွင် ပါ၀င် သရုပ်ဆောင်သွားမည့် ဂျက်ဆီကာ

တရုတ် ရုပ်မြင်သံကြား အစီစဉ်တွင် ပါ၀င် သရုပ်ဆောင်သွားမည့် ဂျက်ဆီကာ

ဆိုးလ်၊ ဇူလိုင် ၁၂ ။       ။ တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ Girls’ Generation အဖွဲ့ဝင် ဂျက်ဆီကာသည် တရုတ် ရုပ်မြင်သံကြား အစီစဉ် “Happy Camp” တွင် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။

“Happy Camp” အစီစဉ်သည် တရုတ်နိုင်ငံတွင် ၁၉၉၇ ခုနှစ်မှ စတင်၍ ထုတ်လွှင့်ပြသနေပြီး ကိုရီးယားမင်းသား ဆောင်းဂျွန်ကီနှင့် အဆိုတော် Hwang Chi-yeol ကဲ့သို့သော ကိုရီးယား အနုပညာရှင်များလည်း ပါဝင် သရုပ်ဆောင်ခဲ့ကြသည်။

ယင်းသည် ဂျက်ဆီကာ တရုတ်ရုပ်မြင်သံကြားနှင့် ရုပ်ရှင်လောကသို့ ထိုးဖောက်ဝင်ရောက်မှု သည် ပထမဆုံးအကြိမ်မဟုတ်ကြောင်း  သြဂုတ်လတွင် ထုတ်လွှင့်ပြသသည့် တရုတ် အချစ်ဟာသ ဇာတ်ကား “I Love That Crazy Little Thing” တွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။

ဂျက်ဆီကာသည် လက်ရှိအချိန်တွင် ဒီဇင်ဘာလ၌ ထုတ်လွှင့်ပြသမည့် “My Other Home” တရုတ် ရုပ်ရှင်ကားတွင် ပါဝင် သရုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly