ကောင်မင်ဟွတ်ခ်နှင့် မင်းသမီး ဂျောင်ဟေးဆောင်တို့ တွဲနေသည်မှာ မဟုတ်ကြောင်း FNC အင်တာတိန်းမန့် ငြင်းဆို

ကောင်မင်ဟွတ်ခ်နှင့် မင်းသမီး ဂျောင်ဟေးဆောင်တို့ တွဲနေသည်မှာ မဟုတ်ကြောင်း FNC အင်တာတိန်းမန့် ငြင်းဆို

ဆိုးလ်၊ ဇူလိုင် ၁၁ ။           ။ တောင်ကိုရီးယား ရော့ခ်တေးဂီတအဖွဲ့ CNBLUE အဖွဲ့ဝင် ကောင်မင်ဟွတ်ခ်နှင့် မင်းသမီး ဂျောင်ဟေးဆောင်တို့ တွဲနေသည်မှာ မဟုတ်ကြောင်း  FNC အင်တာတိန်းမန့်က ငြင်းဆိုခဲ့သည်။

FNC အင်တာတိန်းမန့် အေဂျင်စီမှ အနုပညာရှင်နှစ်ဦး တွဲနေသည်ဟု မီဒီယာတစ်ခုက သတင်း ထုတ်ပြန်ခဲ့သော်လည်း FNC က ယင်းထုတ်ပြန်သည့် သတင်းများအားလုံးသည် မဟုတ် ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးသည် သူငယ်ချင်းများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

“မင်ဟွတ်ခ်နဲ့ ဂျောင်ဟေးဆောင်တို့နှစ်ဦး တွဲနေတယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့နှစ်ဦးဟာ သက်တူရွယ်တူတွေဖြစ်ပြီး အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေပါ” ဟု FNC အင်တာတိန်းမန့်က OSEN ကို ပြောကြားခဲ့သည်။

FNC  အင်တာတိန်းမန့်က ယင်းသတင်းနှင့် စပ်လျဉ်း၍  ယခုကဲ့သို့ အလျင်အမြန် တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly