မကြာမီ ထုတ်လွှင့်ပြသသွားမည့် တရုတ် ဒရမ်မာဇာတ်ကားတွင် ဆောင်းဂျွန်ကီ ခေါင်းဆောင်မင်းသားနေရာမှ ပါ၀င် သရုပ်ဆောင်နိုင်ဖွယ် ရှိ

မကြာမီ ထုတ်လွှင့်ပြသသွားမည့် တရုတ် ဒရမ်မာဇာတ်ကားတွင် ဆောင်းဂျွန်ကီ ခေါင်းဆောင်မင်းသားနေရာမှ ပါ၀င် သရုပ်ဆောင်နိုင်ဖွယ် ရှိ

ဆိုးလ်၊ ဇူလိုင် ၁၁ ။          ။ တောင်ကိုရီးယား မင်းသား ဆောင်းဂျွန်ကီသည် တရုတ်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင် ပေးရန် ကမ်းလှမ်းမှုများ ရှိနေဆဲဖြစ်ကြောင်း ဇူလိုင် ၉ ရက်က Sina.com တွင် ဖော်ပြထားသည်။

ကိုရီးယား - တရုတ် ပူးပေါင်းထုတ်လုပ်မည့် “You , The Scent of Love” ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားနေရာအတွက် ဖြစ်နိုင်ချေရှိသော မင်းသားအဖြစ် နာမည်စာရင်း တင်သွင်းခံ ထားရသည်။

မင်းသမီး Zheng Shuang သည်  ခေါင်းဆောင်မင်းသမီးနေရာမှ ဖြစ်နိုင်ချေရှိသော မင်းသမီး အဖြစ် နာမည်စာရင်း တင်သွင်းခံထားရပြီး “Descendants of the Sun” ဇာတ်ကားတွင် ပါဝင်ခဲ့သော လုပ်ဖော်ကိုင်ဖက်အချို့ ပါဝင်မည်ဖြစ်ကြောင်း ထုတ်လုပ်ရေးက ပြောကြားခဲ့သည်။

ဟောင်ကောင်တွင် ဇွန် ၁၁ ရက်က ကျင်းပပြုလုပ်သော ပရိတ်သတ်တွေ့ဆုံပွဲတွင် ဆောင်းဂျွန် ကီက တရုတ်ဇာတ်ကားများအတွက် ဇာတ်ညွန်းများကို ကြည့်ရှုနေကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် တရုတ် ပွဲဦးထွက်ဇာတ်ကားအတွက် မည်သည့် အစီစဉ်မျိုးကိုမဆို ၎င်း ပါဝင်သရုပ်ဆောင် နေသာ မကြာမီ ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ကား ရိုက်ကူးမှု ပြီးစီးသည့်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

ဆောင်းဂျွန်ကီသည် ၎င်း ပါဝင်သရုပ်ဆောင်နေသော ရုပ်ရှင်ကားပြီးနောက် နောက်ထပ် ရိုက်ကူးမည့် ရုပ်ရှင်ကားအတွက် ယခုအချိန်ထိ ဆုံးဖြတ်ချက် မချရသေးကြောင်း ဆောင်းဂျွန်ကီ၏ ကိုယ်စားလှယ်များက ပြောကြားခဲ့သည်ဟု QQ ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly