သြစတြေးလျ ရွေးကောက်ပွဲတွင် လက်ရှိ၀န်ကြီးချုပ် တန်ဘူးလ်ဦးဆောင်သော အာဏာရပ်ပါတီ အနိုင်ရ

သြစတြေးလျ ရွေးကောက်ပွဲတွင် လက်ရှိ၀န်ကြီးချုပ် တန်ဘူးလ်ဦးဆောင်သော အာဏာရပ်ပါတီ အနိုင်ရ

ဇူလိုင် ၁၁ ။                ။ ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် ရှစ်ရက်ကြာ ရလဒ်များမသဲမကွဲဖြစ်ခဲ့ရာမှ ယခုအခါ မိမိတို့ အနိုင်ရရှိခဲ့ပြီဖြစ်ကြောင်း သြစတြေးလျ၏ လက်ရှိဝန်ကြီးချုပ် မယ်လ်ကွန်မ် တန်ဘူးလ်က ပြောကြားလိုက်သည်။

အတိုက်အခံပါတီ လေဘာပါတီက ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်ခံသွားပြီးနောက်ပိုင်း ယခုကဲ့သို့ ဝန်ကြီးချုပ်၏ အာဏာရပါတီက အနိုင်ရရှိကြောင်း သေချာသွားခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၂ ရက် ရွေးကောက်ပွဲ၏မဲရလဒ်များနှင့်ပတ်သက်၍ အဓိက ပါတီကြီးနှစ်ခုအကြား အကြိတ်အနယ်ရှိခဲ့ရာကနေ ယခုအခါ အာဏာရလစ်ဘရယ် ပါတီက အနိုင်ရကြောင်း ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ် သည်။

" ကျွန်တော်တို့ ထပ်ပြီးတော့ အနိုင်ရရှိခဲ့ပါပြီ၊ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ" ဟု ဝန်ကြီးချုပ် တန်ဘူးလ်ကဇူလိုင် ၁၀ ရက်တွင် သတင်းသမားများကို ပြောကြားသွားသည်။ အလားတူ ၎င်းဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးချယ်ခံလိုက်ရသည့်အပေါ် အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဘီလ်ရှော့တန် ထံမှလည်း ဂုဏ်ပြုပြောစကားများ ပြောကြားခဲ့သည်ဟု တန်ဘူးလ်က ထုတ်ဖော်သွားသည်။

သို့သော် ယခုရွေးကောက်ပွဲများအရ အောက်လွှတ်တော်တွင် လေဘာပါတီက ပိုမိုကြီးစိုးလာခဲ့ပြီး အခြားပါတီငယ်များ၊ တစ်သီးပုဂ္ဂလ အမတ်များကလည်း အထက်လွှတ်တော်တွင် နေရာပိုရလာ ခဲ့ခြင်းကြောင့် မစ္စတာ တန်ဘူးလ်အနေဖြင့် အစိုးရသစ်ကို မည်ကဲ့သို့ အောင်မြင်စွာထိန်းကျောင်းဖွဲ့စည်းမည်ဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်လာနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly