ပရိသတ်တစ်ဦးက စင်ပေါ်သို့ ဘရာစီယာ ပစ်တင်ခြင်းကို Rihanna က ဟာသနှော၍ တုံ့ပြန်ခဲ့

ပရိသတ်တစ်ဦးက စင်ပေါ်သို့ ဘရာစီယာ ပစ်တင်ခြင်းကို Rihanna က ဟာသနှော၍ တုံ့ပြန်ခဲ့

ဂီတလောကတွင် အဆိုတော် Rihanna ဂီတဘုရင်မ တစ်ပါးသဖွယ် ဖြစ်နေရခြင်းတွင် နောက်ထပ် အကြောင်းရင်းတစ်ခုလည်း ရှိနေသည်။

သူသည် ဂီတပွဲများတွင် ဖျော်ဖြေနေစဉ်အတွင်း ပရိသတ် နှင့် အပြန်အလှန် တက်တက်ကြွကြွ တုံ့ပြန်လေ့ရှိခြင်းကလည်း အကြောင်းရင်းတစ်ခု ဖြစ်သည်။ ကိုပင်ဟေဂင် ဖျော်ဖြေပွဲတွင်လည်း သူသည် ထိုသို့ လုပ်ဆောင်ခဲ့သည်။

သူ၏ တေးအယ်လ်ဘမ် “Anti” အတွက် ဂီတခရီးစဉ်တွင် သူဖျော်ဖြေနေစဉ်အတွင်း ပရိသတ် တစ်ဦးသည် ဘရာစီယာတစ်ထည်ကို စင်မြင့်ပေါ်သို့ ပစ်တင်ခဲ့ရာ အဆိုတော် Rihanna က အခြေအ နေကို လှလှပပ ကိုင်တွယ် တုံ့ပြန်ခဲ့သည်။ အဆိုတော်သည် သူ၏ ဖျော်ဖြေမှှုကို ခေတ္တရပ်လိုက်ကာ ဘရာစီယာကို ကောက်ယူလိုက်ပြီး၊ ဘရာစီယာမှာ သူမ၏ ရင်သားများနှင့် တော်သည့်ဆိုက် မဟုတ် ကြောင်း ဟာသနှော၍ ပြောဆိုခဲ့ကာ ထို့နောက်တွင် ဖျော်ဖြေမှှုကို ဆက်လက် ပြုလုပ်ခဲ့သည်။

“ကျွန်မရဲ့ ရင်သားတွေအတွက် ဒီ ဘရာစီယာက ကြီးလွန်းတယ် ဆိုတာ ခုတော့ ရှင် ကောင်း ကောင်းသိပြီ မဟုတ်လား” ဟု ဂီတဘုရင်မ Rihanna က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Rihanna ၏ တုံ့ပြန်ပုံ ဗွီဒီယိုကို https://www.youtube.com/watch?v=my1j0MxdKp8 တွင် သွားရောက် ကြည့်ရှှုနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags