အရက်ဖြတ်လိုက်လို့ ကိုယ်အလေးချိန်ကျခဲ့တာ ဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ Lisa Riley

အရက်ဖြတ်လိုက်လို့ ကိုယ်အလေးချိန်ကျခဲ့တာ ဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ Lisa Riley

ဇူလိုင် ၉ ။             ။ အရက်ဖြတ်လိုက်သည့်အတွက်ကြောင့် ကိုယ်အလေးချိန် ၁၀ စတုန် (၁ စတုန်သည် ၁၄ ပေါင်နှင့်ညီမျှသည်) ထိ ကျဆင်းသွားခဲ့သည်ဟု Emmerdale အော်ပရာဇာတ်လမ်းတွဲက မင်းသမီးဟောင်း  Riley က ထုတ်ဖော်ပြောကြားလိုက်သည်။ သို့သော် အရက်ဖြတ်ထားသော်လည်း ယခုထက်ထိ ပါတီပွဲပေးကာ အပေါင်းအဖော်များနှင့် ပျော်ပါးတတ်ဆဲဖြစ်ကြောင်း ၎င်းက ထုတ်ဖော်သွားခဲ့သည်။

ယခင်လများက ဖက်တီးပုတ်ပုံစံ ခန္ဒာကိုယ်အချိုးအစားမှ သူမတူအောင် ပြောင်းလဲသွားခဲ့ပုံကို Lisa Riley က ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

အရက်ဖြတ်ထားသည်မှာ တစ်နှစ်လောက်ပင် ရှိသွားပြီဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသွားခဲ့သေးသည်။ “ အရက်မသောက်တော့တဲ့အတွက်ကြောင့် ကျွန်မ နေရထိုင်ရတာ ပိုကောင်းလာတယ်လို့ ခံစားရပါတယ်၊ ဒါပေမယ့်လည်း အပေါင်းအသင်းတွေနဲ့အတူ ပါတီပွဲလုပ်ရတာကို ကျွန်မခုံမင်နေတတ်ဆဲပါ၊ ဒါပေမယ့် ကျွန်မ မသောက်တော့ပါဘူး” ဟု Lisa က ပြောကြားသွားသည်။

ယခင်က အရက်ကိုသာ ခုံမင်စွာ သောက်သုံးပြီး နေထိုင်တတ်ခဲ့သော်လည်း ယခုအခါ သူမ၏ ဘဝကို ခရီးသွားခြင်းဖြင့်သာ ပြောင်းလဲဖြတ်သန်းနေတတ်ပြီဖြစ်ကြောင်း ၎င်းက ထုတ်ဖော်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags