ဆရာ ဆရာမများ ကိုယ့်အရည်အသွေးကို အရင်မြှင့်တင်ကြဟု ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန် ကြီးပြော

ဆရာ ဆရာမများ ကိုယ့်အရည်အသွေးကို အရင်မြှင့်တင်ကြဟု ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန် ကြီးပြော

ပုသိမ်၊ ဇူလိုင် ၉  ။             ။ ကျောင်းသားများ၏ အရည်အသွေးကို မြှင့်တင်လိုပါက ဆရာ ဆရာမများအနေဖြင့် ကိုယ့်အရည်အသွေးကို အရင် မြှင့်တင်ကြဟု ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားလိုက်သည်။

ပုသိမ်မြို့၊အမှတ်(၁)အထက်တန်းကျောင်းတွင် ဇူလှိုင်လ ၉ ရက်နေ့ က ပြုလုပ်သည့် ၂၀၁၆-၁၇ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအရည်အသွေးမြင့်တက်မြောက်အောင်မြင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အဓိက ကျောင်းသားများ အရည်အသွေးကို မြင့်တင်ပေးချင်တယ်ဆို ဆရာ ဆရာမများက မိမိတို့ကိုယ်ရည်ကိုယ်သွေး များကို အရင်မြင့်တင်ပါ။ ကိုယ့် ကိုယ်ရည်ကိုယ်သွေးမြင့်တင်ဖို့ ကိုယ်မှာတာဝန်အရှိဆုံးပဲ"ဟု ဝန်ကြီးက ပြောသည်။

ထို့ပြင် ဆရာဆရာမများအနေဖြင့် ကျောင်းသားများအား စာသင်ပေးရုန်ထိန်းသိမ်းပေးရုန်မဟုတ်ပဲ  ၎င်းတို့၏ ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ပေးရန် စိတ်နှစ်ပြီး အလုပ်လုပ်မည်ဆိုပါက အောင်ချက်ဆိုတာ အလိုလိုမြင့်မားလာမည်ဟုလည်း ပြော ကြားခဲ့သည်။

"သင်ကြားမှုဆိုင်ရာ ကိစ္စရပ်များမှာတော့ ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများက ကိုယ်ဘာသာရပ်ကို ဘယ်လိုနားလည်ဖို့ဆိုတာ လေ့လာဖို့လိုအပ်မယ်ထင်ပါတယ်၊ ကိုယ်ကိုယ်တိုင်နားလည်အောင်ကြိုးစားပြီးမှ ကလေးများကိုပြန်သင်ဖို့အရေးကြီး ပါတယ်”ဟုလည်း ဝန်ကြီးက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၅-၂၀၁၆ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာနှုန်း၁၇.၆၂ရာနှုန်းသာ ရှိ ပြီး၊၂၀၁၄-၂၀၁၅ ပညာသင်နှင်တွင် တစ်နိုင်ငံလုံးအောင်ချက် ၅၁.၇၈ရာနှုန်းဖြင့် ပထမရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly