နေပြည်တော်ရောက် မိုင်းဖုန်းဆရာတော်အား ဒေါ်အောင်ဆန်းစုကြည် ဖူးမြော်

နေပြည်တော်ရောက် မိုင်းဖုန်းဆရာတော်အား ဒေါ်အောင်ဆန်းစုကြည် ဖူးမြော်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၈ရက်၊ ၂၀၁၆)။ ။ တာချီလိတ်မြို့လေဆိပ်မှတဆင့် နေပြည်တော်သို့ လေယာဉ်ဖြင့် ကြွရောက်လာသော မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၈ရက်၊ ညဦးပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်အနီးရှိ သံဃာရာမ (၂)တွင် လာရောက်ဖူးမြော်ခဲ့သည်။

ည ၇နာရီခွဲမှ ၈နာရီကျော်ထိ နာရီဝက်ကျော် တွေ့ဆုံဖူးမြော်ခဲ့ပြီး ဆရာတော်မှ ဒေါ်အောင်ဆန်းစုကြည်ကိုးကွယ်ရန် (ခန့်မှန်းအားဖြင့် ဉာဏ်တော် ၃ပေခန့်မြင့်သည့်)ဘုရားဆင်းတုတော်တစ်ဆူ ပေးအပ်ခဲ့သည်ကို တွေ့ရသည်။

"ဆရာတော်ကို လာဖူးတယ်လို့ပဲ ပြောရမှာပေါ့" ဟု နေပြည်တော်ကောင်စီဝင် ဦးမင်းသူက ပြောသည်။

မိုင်းဖုန်းဆရာတော်သည် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ၉နှစ်ခန့်ကြာ ပိတ်ပင်ခံခဲ့ရပြီး ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလမှသာ ပြည်ဝင်ခွင့်ပြန်လည်ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly