အမ်မာဝပ်ဆင် ပါ၀င် သရုပ်ဆောင်ထားသော ရုပ်ရှင်ကားသစ် ဗြိတိန် ရုံတင်ပြသငွေ ဇယားတွင် အမေရိကန်ဒေါ်လာ ၆၁ ဒေါ်လာ ရရှိထား

အမ်မာဝပ်ဆင် ပါ၀င် သရုပ်ဆောင်ထားသော ရုပ်ရှင်ကားသစ် ဗြိတိန် ရုံတင်ပြသငွေ ဇယားတွင် အမေရိကန်ဒေါ်လာ ၆၁ ဒေါ်လာ ရရှိထား

နယူးယော့ခ်၊ ဇူလိုင် ၈ ။          ။ ဗြိတိန် သရုပ်ဆောင်မင်းသမီး အမ်မာဝပ်ဆင် ပါဝင်သရုပ်ဆောင်ထားသော “The Colony” ရုပ်ရှင်ကားသစ်ကို ဇူလိုင် ၁ ရက်က ဗြိတိန်နိုင်ငံရှိ ရုပ်ရှင်ရုံသုံးရုံတွင် ပြသခဲ့ပြီးနောက် ဗြိတိန်ရုံတင်ပြ သငွေ ဇယားတွင် အမေရိကန်ဒေါ်လာ ၆၁ ဒေါ်လာ ရရှိခဲ့ကြောင်း The Guardian တွင် ဖော်ပြထား သည်။

အဆိုပါရုပ်ရှင်ကားသည် ဟယ်ရီပေါ်တာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ပြီးသည့် အချိန်မှစ ၍ အမ်မာဝပ်ဆင်၏ ပထမဆုံး ခေါင်းဆောင်မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည့် ဇာတ်ကား ဖြစ်သည်။

“The Colony” ရုပ်ရှင်ကားသစ်ကို ဇူလိုင် ၁ ရက်က ဗီဒီယိုအဖြစ် ထုတ်လွှင့်ခဲ့သည့်အပြင် ဗြိတိန်နိုင်ငံရှိ ရုပ်ရှင်ရုံသုံးရုံတွင် စတင်ပြခဲ့ရာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၆၁ ဒေါ်လာ (စတာလင် ပေါင် ၄၇ ပေါင်) ရရှိထားကြောင်း ဗြိတိန်ရုပ်ရှင်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

၁၉၇၀ ပြည့်လွန်နှစ် ချီလီနိုင်ငံရှိ ဂိုဏ်းကွဲတစ်ခုအကြောင်းကို ရိုက်ကူးထားသော အဆိုပါ ရုပ်ရှင်တွင် အမ်မာဝပ်ဆင်သည် ဂျာမန်သရုပ်ဆောင်မင်းသား Daniel Bruhl နဲ့အတူ ပါဝင်သရုပ် ဆောင်ထားသည်။

အမ်မာဝပ်ဆင်သည် Disney က ပြန်လည်ရိုက်ကူးထားသော“Beauty and the Beast” ဇာတ်ကားတွင် သူရဲကောင်းဘာလီအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းဇာတ်ကားကို လာမည့် နှစ်တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly