အမေရိကန် ရော့ခ်တေးဂီတအဖွဲ့ Maroon 5 ၀င်ငွေကို ကျော်လွန်ခဲ့တဲ Big Bang အဖွဲ့

အမေရိကန် ရော့ခ်တေးဂီတအဖွဲ့ Maroon 5 ၀င်ငွေကို ကျော်လွန်ခဲ့တဲ Big Bang အဖွဲ့

ဆိုးလ်၊ ဇူလိုင် ၈ ။          ။ ကေပေါ့ပ် အမျိုးသားအဆိုတော်အဖွဲ့ Big Bang အဖွဲ့သည် ပြီးခဲ့သည့်နှစ်က ဝမ်ငွေ ၅၀၈ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၄၄ သန်း )ရရှိခဲ့ပြီး အမေရိကန် ရော့ခ်တေးဂီတအဖွဲ့ Maroon 5 အဖွဲ့၏ ဝင်ငွေကို ကျော်လွန်ခဲ့ကြောင်း Forbes မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

“Big Bang theory : How K-Pop’s Top Act  Earned $ 44 Million In A Year” ခေါင်းစဉ် ဖြင့် ရေးသားထားသော Forbes မဂ္ဂဇင်း အွန်လိုင်းဆောင်းပါးတွင် အမေရိကန် ရော့ခ်တေးဂီတအဖွဲ့ Maroon 5 သည် ပြီးခဲ့သည့်နှစ်က ဝမ်ငွေ ၃၈၇ ဘီလျံ ( အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅ သန်း) ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Big Bang အဖွဲ့၏ ဝင်ငွေသည် Maroon 5 ၏ ဝင်ငွေထက် ခန့်မှန်းခြေအားဖြင့် ဝမ်ငွေ ၁၂၀ ဘီလျံ ပိုများသည်။ Big Bang အဖွဲ့သည် ယနေ့ခေတ်၏ ကြေးအမြင့်ဆုံး အမေရိကန် အဆိုတော်အဖွဲ့ Maroon 5 ကို ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း Forebes မဂ္ဂဇင်းက ပြောကြားသည်။

Big Bang အဖွဲ့သည် ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်မည့် ကမ္ဘာ့ ကြေးအမြင့်ဆုံး အနုပညာရှင် စာရင်းတွင် ပါဝင်လာမည်ဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ကြေညာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags