Super Junior အဖွဲ့ဝင် Kangin မူးယစ်သောက်စား မောင်းနှင်မှုအတွက် ဒဏ်ရိုက်ခံရ

Super Junior အဖွဲ့ဝင် Kangin မူးယစ်သောက်စား မောင်းနှင်မှုအတွက် ဒဏ်ရိုက်ခံရ

ဆိုးလ်၊ ဇူလိုင် ၇ ။           ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ Super Junior အဖွဲ့ဝင် Kangin သည် အရက် သေစာ သောက်စားကာ မောင်းနှင်မှုကြောင့် ဖြစ်ပွားခဲ့သော မတော်တဆမှုအတွက် ဒဏ်ငွေပေး ဆောင်ခဲ့ရကြောင်း ဆိုးလ်ဗဟိုအစိုးရရှေ့နေများရုံးက ဇူလိုင် ၇ရက်တွင် ကြေညာခဲ့သည်။

အစိုးရရှေ့နေ့များရုံးက Kanginကို ဇူလိုင် ၅ရက်က ဝမ်ငွေ ၇ သန်း (ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၆၀၅၀) ဒဏ်ငွေ ပေးဆောင်စေခဲ့သည်။

Kangin သည် မေ ၂၄ ရက်က အရက်သေစာသောက်စားကာ မောင်နှင်းမှုကြောင့် ယဉ်မ တော်တဆမှု ဖြစ်ပွားခဲ့သည်။Kanginသည် အရက်သေစာသောက်စားကာ မောင်းနှင်မှုကြောင့် နေ့ညမရွေး ဝယ်ယူနိုင်သော စတိုးဆိုင် မျက်နှာချင်းဆိုင်ရှိ လမ်းမီးတိုင်ကို တိုက်ခဲ့သည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့်အချိန် Kangin ၏ သွေးအတွင်း အရက်သေစာပါဝင်မှုကို စမ်းစစ်ခဲ့ရာ သုညဒသမ ၁၅၇ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိခဲ့ပြီး တွေ့ရှိချက်ကို အကြံပြုချက်နှင့်အတူ အစိုးရရှေ့နေ့များရုံးသို့ ပေးပို့ခဲ့သည်။ Kangin သည် ၂၀၀၉ ခုနှစ်ကလည်း မူးယစ်သောက်စား မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly