Spice Girls အဖွဲ့၏ “Wannabe” ဗီဒီယို အမျိုးသမီးများ ကြံုတွေ့နေရသော တန်းတူညီ မျှမှု မရှိမှုကို ဖြေရှင်းပေးရန် မီးမှောင်ထိုးပြ

Spice Girls အဖွဲ့၏ “Wannabe” ဗီဒီယို အမျိုးသမီးများ ကြံုတွေ့နေရသော တန်းတူညီ မျှမှု မရှိမှုကို ဖြေရှင်းပေးရန် မီးမှောင်ထိုးပြ

နယူးယော့ခ်၊ ဇူလိုင် ၇ ။           ။ ဗြိတိန် ပေါ့ပ် အမျိုးသမီးအဆိုတော်အဖွဲ့ Spice Girls အဖွဲ့၏  “Wannabe” ဗီဒီယိုသည် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများအတွက် တန်းတူညီမျှမှုမရှိသည့် ကိစ္စကို ဖြေရှင်းပေးရန် မီးမှောင်း ထိုးပြနေသည်။

ယင်းဗီဒီယိုတွင် ဆင်းရဲမွဲတွေမှုကို အဆုံးသတ်ရေး၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းသိမ်းပြုပြင် ဆောင်ရွက်ပေးရေးနှင့် တန်းတူညီမျှမှု မရှိခြင်းကို ကိုင်တွယ်ဆောင်ရွက်ပေးရေးတို့ ပါဝင်သည်။

ဗီဒီယိုဖိုင်သည် စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးတွင် ကုလသမဂ္ဂ၏ အာရုံစိုက်မှုကို ဖမ်းဆုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။

အဆိုပါ ဗီဒီယိုဖိုင်သစ်တွင် ကွဲပြားသော လူမျိုးများမှ အမျိုးသမီး အကမယ်များသည် Spice Girls အဖွဲ့၏ ပထမနံပါတ် တစ်တေးသီချင်း “Wannable” နှင့်အတူ သီဆို ကပြဖျော်ဖြေနေသည်ကို တွေ့ရသည်။

“မိန်းကလေးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး၊ မိန်းကလေးတွေအားလုံးအတွက် တန်းတူညီမျှရှိသော ပညာရေးစနစ်ဖြစ်ပေါ်ရေး ၊ ကလေးသူငယ် လက်ထပ်မှု အဆုံးသတ်ရေးနဲ့ တန်းတူအလုပ်အတွက် လုပ်ခလစာ တန်းတူညီမျှ ရရှိရေး” အစရှိသည့် မက်ဆေ့ချ်များ ပါဝင်သည်။

အဆိုပါဗီဒီယိုသည် မည်သည့်အရပ်ဒေသတွင်မဆို ရှိသည့် အမျိုးသမီးများနှင့် မိန်းကလေးများ ကို စွမ်းအားမြှင့် မက်ဆေ့ချ်များကို ပေးပို့ပြီး မိန်းကလေးများ၏ လုပ်နိုင်စွမ်းအားကို ၂၁ ရာစုသို့ ဆောင်ကြဉ်းပေးရာတွင် အကူညီဖြစ်စေမည်ဟု ပွဲစီစဉ်သူများက ပြောကြားသည်။

အဆိုပါဗီဒီယိုဖိုင်ကို ကုလသမဂ္ဂ၏ ရည်မှန်းချက် ၁၇ ချက်ကို မြင့်တင်ရန် လုပ်ဆောင်နေသော Global Goals အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး  အမ်ဂျေဒီလာနေးက ဒါရိုက်တာလုပ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags