Iron Man အဖြစ် ၁၅ နှစ်အရွယ် လူမည်းအမျိုသမီး သရုပ်ဆောင်သွားမည်

Iron Man အဖြစ် ၁၅ နှစ်အရွယ် လူမည်းအမျိုသမီး သရုပ်ဆောင်သွားမည်

နယူးယော့ခ်၊ ဇူလိုင် ၇ ။              ။ ဟာသစာရေးဆရာ မာဗဲလ်က မကြာမီထုတ်လွှင့်ပြသမည့် Civil War II ဇာတ်လမ်းတွဲသစ် တွင် အသက် ၁၅ နှစ်အရွယ် လူမည်းအမျိုးသမီး ရီရီဝီလျံက Iron Man အဖြစ် သရုပ်ဆောင်သွား မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Civil War II ဇာတ်လမ်းတွင် ရီရီဝီလျံက Iron Man အဖြစ် သရုပ်ဆောင်သွားမည်ကို တွေ့မြင် ရမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားသည်။ ဇာတ်ကောင်စရိုက်သည် MIT တွင် ပညာသင်ကြားနေ သော ချီကာဂိုနွယ်ဖွား သိပ္ပံပညာရပ် ထူးချွန်ပါရမီရှင်ဖြစ်ပြီး ယင်းဇာတ်ကောင်စရိုက်သည် ရီရီဝီလျံ အတွက် ယခုနှစ်အစောပိုင်း ပွဲဦးထွက် ဇာတ်ကောင်စရိုက် ဖြစ်သည်။

Iron Man  စာရေးဆရာ ဘရိန်းမစ်ချဲလ်ဘန်ဒစ်က ချီကာဂိုမြို့တွင် အလုပ်လုပ်နေစဉ် ချီကာဂို မြို့ အကြမ်းဖက်မှုများကြောင့် ဝီလျံ၏ ဇာတ်ကောင်စရိုက် ပေါ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း Time မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

“သူမရဲ့ဘဝကို အလွယ်တကူ အဆုံးသတ်စေနိုင်တဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တွေ လမ်းပေါ် အကြမ်းဖက်မှုတွေ ခံစားခဲ့ရတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ ကောလိပ်တတ်နိုင်ခဲ့တယ်။ ဒီမိန်းကလေး ဒီလိုကောလိပ်တတ်နိုင်တာကို ကျွန်တေ်ာ အရမ်းလေးစား အားကျမိပါတယ်။ ဒါဟာ ကျွန်တော်တို့ ကြားသိနေရတဲ့ စူပါဟီးရိုး ဇာတ်လမ်းရဲ့ မော်ဒယ်အမြင့်ဆုံး ဗားရှင်းလို့ ကျွန်တော် တွေးထင်မိတယ်” ဟု Iron Man စာရေးဆရာ ဘရိန်းမစ်ချဲလ်ဘန်ဒစ်က ပြောကြားခဲ့သည်။

Iron Man ဇာတ်ကောင်စရိုက်သည် ၁၉၆၃ ခုနှစ်က ပထမဆုံးအကြိမ် ပေါ်ပေါက်ခဲ့ပြီး ဇာတ်လမ်းတွဲများသည် လက်နက်များထုတ်လုပ်သူ ဘီလျံနာ တိုနီစတက်ခ်ကို အဓိကထား ရိုက်ကူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly